အနာကြီးရောဂါ
From Wikipedia, the free encyclopedia
အနာကြီးရောဂါသည် အပူပိုင်းဒေသများတွင် ဖြစ်ပွားတတ်သော အလွန်ရှေးကျသည့် ကိုယ်ရေပြားရောဂါ တစ်မျိုးဖြစ်သည်။ မိုင်ကိုဘက်တီရီယမ်လီပရေး ခေါ်သောရောဂါပိုးကြောင့် ဖြစ်စေတတ်သည်။ ရောဂါတကာ့ ရောဂါထဲတွင် အနာကြီးရောဂါသည် လူဖြစ်ရှုံးသော ကူးစက်ရောဂါတစ်ခုဖြစ်သည်။ `ကူဋ္ဌနူနာ´ရောဂါဟုလည်း ခေါ်ကြသည်။ အနာကြီးရောဂါသည် လူတောမဝင်၊ ရှင်တောမတိုးနိုင်လောက်အောင် ရုပ်ပျက်ဆင်းပျက် ဖြစ်စေတတ်သည်။ လူ့အသိုင်းအဝိုင်းကလည်း မေးထူးခေါ်ပြော မလုပ်ချင်ကြပဲ ရှောင်ချင်ရှားချင်ကြသည်။ သွေးမတော် သားမစပ်သူများပင် မဆိုထားနှင့် မိရင်းဖရင်း၊ သားသမီးအရင်းများပင် ရင်နာနာနှင့် ခွဲခွာနေရသော ရောဂါမျိုးဖြစ်သည်။
အချက်တိုများ အနာကြီးရောဂါ (Leprosy), Synonyms ...
အနာကြီးရောဂါ (Leprosy) | |
---|---|
Synonyms | Hansen's disease (HD)[1] |
Rash on the chest and abdomen caused by leprosy | |
အသံထွက် | |
အထူးပြု | Infectious diseases |
လက္ခဏာများ | Decreased ability to feel pain[3] |
အကြောင်းရင်း | Mycobacterium leprae or Mycobacterium lepromatosis[4][5] |
အန္တရာယ်ညွန်းကိန်း | Close contact with a case of leprosy, living in poverty[3][6] |
ကုသခြင်း | Multidrug therapy[4] |
ဆေး | Rifampicin, dapsone, clofazimine[3] |
ကြိမ်ရေ | 209,000 (2018)[7] |
ပိတ်ရန်