အင်းစိန်မြို့နယ်
ရန်ကုန်တိုင်းဒေသကြီး / From Wikipedia, the free encyclopedia
အင်းစိန်မြို့နယ် သည် ရန်ကုန်တိုင်းအတွင်း ရန်ကုန်မြို့၏ မြောက်အရပ်တွင် တည်ရှိသည်။ အင်းစိန်မြို့နယ်၏ မြောက်ဘက်တွင် ရွှေပြည်သာမြို့နယ်၊ အနောက်ဘက်တွင် လှိုင်သာယာမြို့နယ်၊ အရှေ့ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊တောင်ဘက်တွင်မရမ်းကုန်းမြို့နယ်တို့ တည်ရှိသည်။ အင်းစိန်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၁)ခု၊ အစိုးရ မူလတန်းကျောင်း (၃၃) ကျောင်း၊ အလယ်တန်းကျောင်း (၁၀) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။
အင်းစိန်မြို့နယ် | |
---|---|
အင်းစိန် တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 16°53′34″N 96°5′53″E | |
နိုင်ငံ | ![]() |
တိုင်းဒေသကြီး | ![]() |
ခရိုင် | အင်းစိန် |
စာပို့သင်္ကေတ | ၁၁၀၁၁၊ ၁၁၀၁၂၊ ၁၁၀၁၃ |
အင်္ဂလိပ်အစိုးရတည်ဆောက်ခဲ့သော မြန်မာနိုင်ငံ၏ နာမည်ကျော် အင်းစိန်အကျဉ်းထောင်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်တည်ထားခဲ့သော မြန်မာနိုင်ငံ၏ ဉာဏ်တော် အကြီးဆုံး စကျင်ကျောက် ဆင်းတုတော် ကျောက်တော်ကြီးဘုရား (လောကချမ်းသာ အဘယလာဘမုနိ)၊ ကရင်နှစ်ခြင်း ခရစ်ယာန် ဓမ္မတက္ကသိုလ်၊ မြန်မာနိုင်ငံ ဓမ္မတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် (ရန်ကုန်) နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့သည် ဤမြို့နယ်တွင် တည်ရှိသည်။ ထို့ပြင် အင်းစိန် ရွာမအနောက်ရပ်ကွက်ရှိ ရွာမပရိယတ္တိစာသင်တိုက်သည်လည်း ထင်ရှားသည်။ နှစ်စဉ်နိုင်ငံတစ်ဝန်းမှ စာသင်ရဟန်းများလာရောက်ပညာသင်ကြားကြပြီး သာသနာ့အာဇာနည်များ မွေးထုတ်ပေးရာဖြစ်သည်။ အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းရှိ ဆေးဝင်္ကပါ အာလိန်ငါးဆင့်ကျောင်းမှာလဲ နာမည်ကျော်ကြားသည်။ ရှုပ်ထွေးလှသော ဆေးဝင်္ကပါကြီးနှင့် မြင့်မားသော မျှော်စင်ကြီးရှိသည်။ ကရင်အမျိုးသားတို့၏ ရိုးရာကရင်နှစ်သစ်ကူး အလံတင်ပွဲကို ထိုကျောင်းဝင်းထဲတွင် နှစ်စဉ်ကျင်းပပြီး ၇ရက် ၇လီ ပွဲဈေးခင်းသဖြင့် အလွန်စည်ကားသောပွဲဈေးဖြစ်သည်။
အင်းစိန်ဆေးရုံသည် ဤမြို့နယ်ရှိ အဓိကဆေးရုံဖြစ်သည်။ အင်းစိန်မြို့မဈေးသည် နာမည်ကြီးသည်။ တစ်ပတ်ရစ်နိုင်ငံခြားအဝတ်အထည်(လေဘေးထည်) များရောင်းချခြင်းဖြင့် နာမည်ကြီးသော အင်းစိန်လဟာပြင်ဈေးသည် ယနေ့တိုင် စည်ကားဆဲဖြစ်သည်။
နိုင်ငံတကာအဆင်မီ မြို့တော်ဂေါက်ကွင်းလည်းရှိသည်။ ယနေ့ခေတ်နှင့်အညီ ခေတ်မီဈေးဝယ်စင်တာများ၊ အားကစားကွင်းများ၊ ဟိုတယ်များ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ရုပ်ရှင်ရုံများလည်း ရှိလာပြီဖြစ်သည်။
မြန်မာအစိုးရကို ဆန့်ကျင်သော ကရင်တော်လှန်ရေး စတင်ချိန်က ၁၉၄၉ ခု ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ကေအန်ဒီအို(K.N.D.O)အဖွဲ့၏ သိမ်းယူမှုခံခဲ့ရဖူးသည်။ ထို့ပြင် အင်းစိန်ဟူသောစကားသည် မွန်ဘာသာမှ ဆင်းသက်လာပြီး ဆင်ရေချိုးရာအင်းဟုခေါ်ဆိုကြောင်းသိရသည်။ အင်းစိန် = အင်း-ရေအိုင်၊ စိန်-ဆင်၊ [1]