![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/7/77/Edmund_Halley.gif/640px-Edmund_Halley.gif&w=640&q=50)
အက်မော ဟေလီ
အင်္ဂလိပ်လူမျိုး နက္ခတ္တဗေဒ၊ သင်္ချာ၊ ရူပဗေဒနှင့် အခြား သိပ္ပံပညာထူးချွန်သူ ပညာရှင်တစ်ဦး / From Wikipedia, the free encyclopedia
အက်မော ဟေလီ (Edmond or Edmund[1] Halley) (၁၆၅၆-၁၇၄၂) သည် အင်္ဂလိပ်လူမျိုး နက္ခတ္တဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင်၊ ဘူမိရူပဗေဒပညာရှင်၊ မိုးလေဝသပညာရှင်တစ်ဦးဖြစ်ပြီး ၁၆၅၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ မွေးဖွားခဲ့သည်။ အက်မော ဟေလီကို နယူတန် ရေးသားခဲ့သော Philosophiæ Naturalis Principia Mathematica စာအုပ်က လွှမ်းမိုးမှုရှိခဲ့သည်။ အက်မော ဟေလီသည် နယူတန်၏ ရွေ့လျားမှုဆိုင်ရာ နိယာမကို အသုံးပြု၍ ဟယ်လီကြယ်တံခွန်၏ အလှည့်ကျပြန်ရောက်လာမည့်အချိန်ကို ၁၇၀၅ ခုနှစ်တွင် ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့သည်။ ၁၇၅၈ ခုနှစ်တွင် ဟယ်လီကြယ်တံခွန် ပြန်ရောက်လာသောအခါ သူ၏အမည်ကိုအစွဲပြု၍ မှည့်ခေါ်ခဲ့သည်။ အက်မော ဟေလီသည် ဟယ်လီကြယ်တံခွန်ကို မြင်တွေ့ခွင့်ရသည်အထိ မနေခဲ့ရပေ။
အချက်တိုများ အက်မော ဟေလီ, မွေးဖွား ...
အက်မော ဟေလီ | |
---|---|
![]() အနုပညာရှင် သောမတ် မူရေးမှ ရေးဆွဲထားပုံ၊ ၁၆၈၇။ | |
မွေးဖွား | (1656-11-08)၈ နိုဝင်ဘာ၊ ၁၆၅၆ ဟန်ဂါစတန်၊ မင်ဒယ်ဆပ်၊ ![]() |
ဆုံးပါး | ၁၄ ဇန်နဝါရီ၊ ၁၇၄၂(1742-01-14) (အသက် ၈၅) ဂရိန်းဝှီး၊ ကန့်၊ အင်္ဂလန်။ |
ခေါင်းချရာ | စိန့်မာဂရက် လီ၊ လန်ဒန်တောင်ပိုင်း။ |
နိုင်ငံလူမျိုး | အင်္ဂလိပ်လူမျိုး |
နယ်ပယ် | နက္ခတ္တဗေဒ၊ ပထဝီရူပဗေဒ၊ သင်္ချာ၊ မိုးလေဝသပညာ၊ ရူပဗေဒ, cartography |
အဖွဲ့အစည်းဌာန | အောက်စ်ဖိုဒ် တက္ကသိုလ် ရွိင်ယန် လေ့လာရေး၊ ဂရိန်းဝှီး။ |
မိခင်ကျောင်း | အောက်စ်ဖိုဒ် တက္ကသိုလ် |
အိမ်ထောင်ဘက် | မယ်ရီတုတ် |
ရင်သွေး(များ) | အက်မော ဟာလေး (၁၇၄၁) မာဂရက် (၁၇၁၃) ရီချယ် (၁၇၄၈) |
ပိတ်ရန်