ဟာကျူလီ၏ လုပ်ငန်းတာဝန်များ
From Wikipedia, the free encyclopedia
ဟဲရာခလီးဇ်၏ လုပ်ငန်းတာဝန် (၁၂) ရပ် (အင်္ဂလိပ်: Twelve Labours of Heracles or Hercules)[1][2] ဆိုသည်မှာ ဟဲရာခလီးဇ်သည် မိမိကိုယ်ကို ဒဏ်ခတ်ခြင်းအနေဖြင့် လုပ်ဆောင်ခဲ့သော ဇာတ်လမ်းဖြစ်ရပ်တွဲကြီးတစ်ခုကို ဆိုလိုသည်။ ဟဲရာခလီးဇ်ကို ရောမဘာသာဖြင့် "ဟာကျူလီ" ဟူ၍ နောက်ပိုင်း၌ ခေါ်ဆိုခဲ့ကြသည်။ ယူအာရစ်သီးယပ်စ် (အဲရစ်တပ်စ်) ဘုရင်ကို အမှုထမ်းဆောင်ခြင်းဖြင့် အလုပ်တာဝန်များကို ပြီးမြောက်စေခဲ့သည်။ ထိုဇာတ်လမ်းများကို နောင်တွင် အဆက်မပြတ်သော ပြောရိုးစဉ်လာဇာတ်လမ်းများဖြင့် ဆက်စပ်ခဲ့ကြသည်။ ဘီစီ ၆၀၀ ခန့်က ကဗျာဆရာ ပိုင်ဆန်းဒါရေး၍ ယခုပျောက်ဆုံးနေပြီဖြစ်သော ကဗျာရှည်တစ်ပုဒ်၌ ဤဖြစ်ရပ် (၁၂) ရပ်အား ရေးသားခဲ့သည်ဟူ၍ ဂရိတို့က မှတ်ယူကြသည်။[3] ဟဲရာခလီးဇ်သည် ၎င်း၏ ဇနီး၊ သားသမီးများကို သတ်မိပြီးနောက် ဒဲလ်ဖီအရပ်ရှိ ရှေ့ဖြစ်ဟောနတ်ဆရာတစ်ဦးဆီသို့ သွားရောက်ခဲ့၍ အပေါလိုနတ်ဘုရားကို ကူညီလမ်းပြရန် ဆုတောင်လေသည်။ ဟဲရာခလီးဇ်ကို မိုက်ဆီးနီဘုရင် ယူအာရစ်သီးယပ်စ်ထံ ဆယ်နှစ်တာ အမှုထမ်းရန်ပြောဆိုမိန့်ကြားခဲ့သည်။ ထိုကာလအတွင်း ၎င်းကို ခက်ခဲကြမ်းတမ်းသော တာဝန်များကို ထမ်းဆောင်ရန် စေလွှတ်ခြင်း ခံရသည်။[4]