အချက်အလက်များသိုလှောင်သိမ်းဆည်းသောပစ္စည်းကိရိယာ From Wikipedia, the free encyclopedia
ဟာ့ဒ်ဒစ်ဒရိုက်ဗ် ဆိုသည်မှာ ကွန်ပျူတာတွင် သတင်းအချက်အလက်များအား သိမ်းဆည်းထားရာ အသုံးပြုသော လျှပ်စစ် သံလိုက်ပြားများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော ပစ္စည်းတခုဖြစ်သည်။[2] ကွန်ပျူတာ စနစ် တခု လည်ပတ်ရန်အတွက် မရှိမဖြစ်သော ပစ္စည်းတခုဖြစ်သည်။ ကွန်ပျူတာစနစ် လည်ပတ် အလုပ် လုပ်ဆောင်နိုင်ဖို့အတွက် အချက်အလက်မှတ်ဉာဏ်ဆိုင်ရာ အလုပ်လုပ်ဆောင်မှုတွင် အသုံးပြုပါသည်။ ကွန်ပျူတာ မှတ်ဉာဏ် (Memory)အတွက် အဓိက မှတ်ဉာဏ်(primary memory)နှင့် ဒုတိယ မှတ်ဉာဏ်(secondary memory)ဟုရှိရာ ဟာ့ဒ်ဒစ်ဒရိုက်ဗ်သည် ဒုတိယမှတ်ဉာဏ်ဖြစ်သည်။ ကွန်ပျူတာစနစ်မောင်းနှင်မှု ပရိုဂရမ် အိုအတ်စ်(OS-Operating System) အား သိမ်းဆည်း ထားရာ နေရာဖြစ်သည်။ အခြား အသုံးပြုရန် ကွန်ပျူတာတွင် ထည့်သွင်းထားသော ပရိုဂရမ်များသည်လည်း ၎င်းအတွင်းတွင် ထည့်သွင်း သိမ်းဆည်းထားသည်။ ပရိုဂရမ်များအပြင် သီချင်းများ၊ စာအုပ်များ၊ ရုပ်ရှင် ဗီဒီယို ဇာတ်ကားများ နှင့် အခြား သတင်းအချက်အလက်များလည်း ထည့်သွင်းသိမ်းဆည်းထားသည်။ အဓိက မှတ်ဉာဏ်(main memory)နှင့် မတူသော အချက်မှာ ၎င်းတွင် လျှပ်စစ် ခလုပ်ပိတ်ထားသည့်အချိန်တွင်လဲ သိမ်းဆည်းထားသော အချက်အလက်များကို မပျောက်သွားပဲ မှတ်သားထားနိုင်သည်။ လိုအပ်သည့်အချိန်တွင် ပရိုဂရမ်များမှ ရှာဖွေကာ ပြန်လည် အသုံးပြုနိုင်သည်။ သံလိုက်ကြိုးမှတ်ဉာဏ် (magnetic tape data storage)များနှင့် မတူသော အချက်မှာ အချက်အလက် (data)များအား အစဉ်လိုက်(sequentially) မသိမ်းဆည်းပဲ (random-access)အချက်အလက်များ၏ တစိတ်တစ်ဒေသများအဖြစ် ပိုင်းပြီး သိမ်းဆည်းခြင်းကြောင့် သိမ်းဆည်းမှတ်နိုင်မှု ပမာဏ ပိုမိုကြီးမားကာ အချက်အလက်များ ထည့်ခြင်း ပြန်လည်ထုတ်ယူခြင်း ပိုမိုမြန်ဆန်ပါသည်။
Internals of a 2.5-inch SATA hard disk drive | |
ဖန်တီး ရက်စွဲ | ၂၄ ဒီဇင်ဘာ ၁၉၅၄[မှတ်စု 1] |
---|---|
ဖန်တီးသူ | IBM team led by Rey Johnson |
ဟာ့ဒ်ဒစ်ဒရိုက်ဗ်များကို ၁၉၅၆ ခုနှစ်တွင် ကွန်ပျူတာ အချက်အလက်များ သိမ်းဆည်ရန် IBM ကုမ္ပဏီမှ စတင် မိတ်ဆက်ခဲ့သည်။ ၁၉၆၀ ခုနှစ် အစောပိုင်းမှာ သုံးစွဲခဲ့ကြသည်။ မိန်းဖရိမ်ကွန်ပျူတာ(mainframe computer)တွေမှာ သုံးစွဲခဲ့သည်။ ပထမဆုံး IBM မှ စတင်ထုတ်လုပ်ခဲ့တဲ့ ဟာ့ဒ်ဒစ်ဒရိုက်ဗ် ကတော့ 350 RAMAC ဖြစ်သည်။ ၎င်းကတော့ အရွယ်အစားအားဖြင့် ရေခဲသေတ္တာ ၂လုံးစာလောက်ဖြစ်ပြီး၊ အချက်အလက် ဝင်ဆံ့နိုင်မှုမှာ ၃.၇၅ မက်ဂါဘိုက်(3.75MB)မှ သာ ဖြစ်သည်။ စာလုံးရေပေါင်း ၅သန်း သိမ်းဆည်းနိုင်သည်။ ဒစ်ပြား(disk platters) အပြား ၅၀ ဖြင့် အချက်အလက်များကို သိမ်းဆည်းပါသည်။ ၁၉၆၁ ခုနှစ်မှာတော့ IBM က IBM 1311 ကို အောက်တိုဘာ ၁၁ရက်နေ့မှာ စတင်မိတ်ဆက်ခဲ့သည်။ ၎င်းမှာ အဝတ်လျှော်စက် ၁လုံးစာ အရွယ်အစားဖြစ်ပြီး စာလုံးရေပေါင်း သန်း၂၀၀ ကျော် သိမ်းဆည်းနိုင်သည်။ ဒစ်အတွဲ(disk pack)တစ်ခု လျှင် သိမ်းဆည်းနိုင်သော ပမာဏဖြစ်သည်။ ထို ဒစ်အတွဲများကို အဖြုတ်အတပ်လုပ်၍ ပြောင်းလဲ အသုံးပြုနိုင်သည်။ ပထမဆုံး ရွှေ့ပြောင်းတပ်ဆင်နိုင်သော ဟာ့ဒ်ဒစ်(removable disk) ဖြစ်သည်။ အသုံးပြုသူများမှ ဒစ်အတွဲများ ထပ်မံဝယ်ယူ ပြောင်းလဲ တပ်ဆင်နိုင်သည်။ နောက်မျိုးဆက်များဖြစ်သည့် ရွှေ့ပြောင်းတပ်ဆင်နိုင်သော ဟာ့ဒ်ဒစ်များ၏ ကနဦး အစ ဖြစ်သည်။ ၁၉၈၀ခုနှစ် အစောပိုင်းမှာတော့ ၃၀၀ မက်ဂါဘိုက် အထိ သိမ်းဆည်းဝင်ဆန့်နိုင်သော ဟာ့ဒ်ဒစ်များ ပေါ်ထွက်လာသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.