ဟစ်ဘစ်စကက်စ်
From Wikipedia, the free encyclopedia
ဟစ်ဘစ်စကက်စ် (Hibiscus)[2][3]သည် မာလဗေးစီ (Malvaceae)မျိုးရင်းဝင် ပန်းပွင့်သောအပင်တို့၏ မျိုးစုအမည် ဖြစ်သည်။ ဤမျိုးစု (genus)သည် ကြီးမားသောမျိုးစုတစ်ခုဖြစ်ပြီး၊ ရာပေါင်းများစွာသော မျိုးစိတ် (species)တို့ ပါဝင်သည်။ သမပိုင်းဇုန်၊ ဆာ့ဗ်တျော့ပစ် (Subtropics - အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်ကြားဒေသ)၊ အပူပိုင်းဇုန်တို့တွင် တွေ့ရသဖြင့်၊ အအေးပိုင်းဇုန်များမှလွဲ၍ ကမ္ဘာအနံ့တွေ့ရသော အပင်တစ်မျိုး ဖြစ်သည်။ ဤမျိုးစိတ်ဝင် အပင်တို့၌ ကြီးမား၍ သိသာထင်ရှားသောပန်းများ ပွင့်လေ့ရှိပြီး၊ ယေဘုယျအားဖြင့် ဟစ်ဘစ်စကက်စ် (အင်္ဂလိပ်: hibiscus)ဟု ခေါ်ကြသည်။ အင်္ဂလိပ်ဘာသာတွင် ရို့စ်မဲလို(rose mallow)ဟုလည်း တချို့ကခေါ်ကြသည်။ ဟာဒီဟစ်ဘစ်စကက်စ် (hardy hibiscus)၊ ရို့စ်အော့ဖ်ရှရွန် (rose of sharon)၊ တျော့ပစ်ကယ်ဟစ်ဘစ်စကက်စ် (tropical hibiscus)ဟုလည်း ခေါ်ကြသေးသည်။
အချက်တိုများ ဟစ်ဘစ်စကက်စ်, မျိုးရိုးခွဲခြားခြင်း ...
ဟစ်ဘစ်စကက်စ် | |
---|---|
ခေါင်ရန်းပန်း (Hibiscus rosa-sinensis) | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Rosids |
မျိုးစဉ်: | Malvales |
မျိုးရင်း: | Malvaceae |
မျိုးရင်းသေး: | Malvoideae |
မျိုးဇာတ်: | Hibisceae |
မျိုးစု: | Hibiscus ကားလ် လင်းနီးယပ် (L.) |
မျိုးစိတ် | |
Synonyms[1] | |
ပိတ်ရန်