သောမတ် ဟင်နရီ ဟပ်စလေ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
သောမတ် ဟင်နရီ ဟပ်စလေ(ခရစ် ၁၈၂၅-၁၈၉၅)သည် ၁၈၂၅ ခုနှစ် မေလ ၄ ရက်နေ့၌ လန်ဒန်မြို့တွင် ဖွားမြင်သည်။ သူ၏ဖခင်သည် ကျောင်းဆရာ တစ်ယောက် ဖြစ်သော်လည်း ဟပ်စလေသည် ဆရာနှင့် စည်းကမ်းတကျ ပညာမသင်ကြားခဲ့ရချေ။ ပညာရပ်များကို ကိုယ်တိုင် လေ့ကျက် ဆည်းပူးခဲ့ရ၏။ အစပထမ၌ သူသည် အင်ဂျင်နီယာတစ်ယောက်ဖြစ်အောင် စိတ်ထက်သန်ခဲ့သော်လည်း အသက် ၁၃ နှစ်လောက်တွင် မမာမကျန်းဖြစ်သဖြင့် လက်လျှော့လိုက်ရလေသေည်။ အသက် ၁၇ နှစ်သို့ ရောက်သော် ဆေးပညာများကို သူ့အစ်ကို ဂျိမ်းနှင့် ချားရင်းခရော့စ ဆေးရုံ၌ လေ့လာ၍ ၁၈၄၅ ခုနှစ် အသက် ၂ဝ တွင် ဆေးဒီဂရီဘွဲ့ကို ရရှိလေသည်။ ထိုနှစ်တွင် ဟပ်စလေသည် သိပ္ပံပညာရပ်နှင့်ဆိုင်သော မွေးညှင်းအတွင်းရှိ အမြှော်လွှာအကြောင်းကို ရေးသား၏။ ၁၈၄၆ ခုနှစ်တွင် ရက်တဲစနိတ်ခေါ် သင်္ဘောပေါ်၌ ဆရာဝန်အဖြစ်ဖြင့် ဩစတြီးယားတိုက်ဘက်သို့ လေးနှစ်ကြာမျှ ခရီးထွက်ခဲ့၏။ ယင်းသို့ ခရီးထွက်နေစဉ် ဒါဝင်ကဲ့သို့ ဗိုင်ဩလိုဂျီပညာရပ် သုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်ခွင့် ရလေသေည်။
သောမတ် ဟင်နရီ ဟပ်စလေ | |
---|---|
Woodburytype print of Huxley (1880 or earlier) | |
မွေးဖွား | Ealing, လန်ဒန်, Middlesex, အင်္ဂလန် | ၄ မေ၊ ၁၈၂၅
ဆုံးပါး | ၂၉ ဇွန်၊ ၁၈၉၅ ၇၀) Eastbourne, Sussex, England | (အသက်
နိုင်ငံသား | United Kingdom |
နိုင်ငံလူမျိုး | English |
နယ်ပယ် | Zoology; comparative anatomy |
အဖွဲ့အစည်းဌာန | Royal Navy, Royal College of Surgeons, Royal School of Mines, Royal Institution University of London |
ပညာရေး |
|
ကြီးကြပ်သူများ | Thomas Wharton Jones |
တပည့်ကျော်များ |
|
ကျော်ကြားမှုအရင်းခံ | Evolution, science education, agnosticism |
သူ့အပေါ် ဩဇာလွှမ်းမိုးသူများ |
|
သူ၏ဩဇာလွှမ်းမိုးခံ |
|
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ |
|
ဟပ်စလေသည် မိမိရှာဖွေ တွေ့ရှိသော အကြောင်းအရာများကို ရေးသား တင်ပြခဲ့၍ တော်ဝင်အသင်း တစ်ဦး အဖြစ် အသိအမှတ်ပြုခြင်း ခံရလေလေသည်။ သပ်စလေ၏ သုတေသနလုပ်ငန်းများမှာ သိပ္ပံပညာဘက်တွင် အလွန်အဖိုးတန် အသုံးကျ၍ သူ၏ကြိုးစားမှုကို ချီးကျူး သောအနေဖြင့် အသက် ၂၅ နှစ်အရွယ်တွင် ဘုရင့် တံဆိပ်တော် ချီးမြှင့်ခြင်း ခံရလေသည်။ ထိုနောက် ဟပ်စလေသည် ကျောင်းများ၌ ဗိုင်ဩလိုဂျီပညာရပ်ကို သင်ကြားပို့ချယင်း သုတေသနလုပ်ငန်းကို ဆက်လက် ဆောင်ရွက်မြဲ ဆောင်ရွက်နေ၏။ သိပ္ပံပညာရပ်များကိုလည်း ရေးသားမြဲ ရေးသား ထုတ်ဝေနေ၏။ မျိုးစိတ်ဇာစ်မြစ် အကြောင်းကို တိုင်းပြည်သို့ ၁၈၅၉ ခုနှစ်တွင် တင်ပြ ကျေညာလိုက်၏။
ဒါဝင်က လူတို့သည် မျောက်များမှဆင့်ကဲ ပြောင်းလဲလာသည်ဟုဆို၏။ အယူဝါဒ(ယုံကြည်ချက်)နှင့် ဆန့်ကျင်နေသော ဒါဝင်၏ အဆိုကို လူများကြားသိလာသည့်အခါ၌ တစ်တိုင်း ပြည်လုံး လှုပ်လှုပ်ရွရွ ဖြစ်လာလေသည်။ ဒါဝင်၏ အဆိုကို ထောက်ခံသူများ တဘက်၌ရှိသကဲ့သို့ အဆိုကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူ များလည်း ရှိလေသည်။ သာသနာဂိုဏ်းအုပ်ကြီးများသည် ဒါဝင်၏ အဆိုကို ကြားသည့်အခါ အမျက်ထွက်ကြ၏။ သိပ္ပံပညာရှင်များနှင့် ဒဿနိကဗေဒ ပညာရှင်များသည် ဇဝေဇဝါဖြစ်ကုန်၏။ အိမ်သားအချင်းချင်းပင် သဘောကွဲလွဲကြကုန်၏။ တဘက်ကလည်း ဒါဝင်သည် ဘုရားမဲ့ဖြစ်သောကြောင့် ယင်းသို့ ယုတ္တိမတန်သော အချက်ကို ထုတ်ဖော်ရဲသည်ဟု စွပ်စွဲ၏။ ထောက်ခံသည့်ဘက်ကမူ ဒါဝင် သည် ကမ္ဘာလောကတစ်ခုလုံးကို သိကျွမ်းသူဖြစ်သည်ဟု မြှောက်ပြောကြ၏။
ဟပ်စလေသည် ဒါဝင်၏ အဆိုကို ထောက်ခံသူဖြစ်သော်လည်း တိုင်းပြည်သို့ ဟုတ်မှန်သည့် အတိုင်းသာ ရှင်းလင်းဖော်ပြလေသည်။ သိပ္ပံပညာရပ်၏ ဆန်းကြယ်မှုများကို လူပြိန်းများ နားလည်လာအောင် ဟောပြောနိုင်၏။ ဟပ်စလေရေးသားသော စာစောင်များကလည်း လူတို့၏ သိပ္ပံမျက်စိကို ဖွင့်ပေးသည်ဟု ဆိုရပေမည်။ ယင်းကဲ့သို့ လူများ သိပ္ပံပညာရပ်ဘက်တွင် စိတ်ဝင်စားလာကြသဖြင့် ယခုအခါ၌ စာသင်ကျောင်းတိုင်း၌ သိပ္ပံပညာရပ်ကို သင်ကြားပို့ချလျက် ရှိလေပြီ။ ဟပ်စလေသည် မှန်သည်ထင်သည့်အရာကို အမှန်ဟူ၍လည်းကောင်း၊ မှားသည်ထင်သည့်အရာကို အမှား ဟူ၍လည်းကောင်း ပြောရမည်ကို လုံးဝမကြောက်သူဖြစ်၍ မှန်သည့်ဘက်က အတိုက်အခံ ပြောရမည်ဆိုလျှင် အလျှော့ပေးလိုသူ မဟုတ်ချေ။ သစ္စာရှိရှိနှင့် မှန်ကန်စွာ ပြောရသည့်အခါတွင် ဟပ်စလေသည် ရှေ့ဆုံးမှ ထွက်ပြောဝံ့သူ တိုက်ဝံ့သူတစ်ယောက် ဖြစ်၏။ သူ့အလိုအားဖြင့် လူတိုင်းသည် ဟုတ်မှန်သည့်အတိုင်း ဖွင့်ပြောသူကို ကဲ့ရဲ့ရှုတ်ချ ဆဲရေးခြင်း မရှိစေရ။ ဟပ်စလေသည် နိုင်ငံပြု သုခမိန်ဂလက်စတုန်း၊ သာသနာဂိုဏ်းအုပ် ဝီလဗာဖို့ကဲ့သို့သော ပုဂ္ဂိုလ်ကျော်များနှင့် ဒါဝင်၏အဆိုနှင့် စပ်လျဉ်း၍ အတိုက်အခံ ပြောဆိုခဲ့လေသည်။ ဟပ်စလေသည် သိပ္ပံပညာဘက်၌ အရေးပါ အရာရောက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အလျောက် ၁၈၈၁ ခုနှစ်မှ ၁၈၈၅ ခုနှစ်အထိ တော်ဝင်အသင်းတွင် ဥက္ကဋ္ဌ ဖြစ်ခဲ့၏။ သူ့အား ဂုဏ်ထူးဘွဲ့ထူး အမျိုးမျိုးဖြင့် ခြီးမြှင့်သော်လည်း လက်မခံပဲ ငြင်းပယ်ခဲ့လေသည်။ ၁၈၉၂ ခုနှစ်၌ ပရီဗီကောင်စီ လူကြီးအဖြစ် ချီးမြှောက်ခြင်းကိုကား လက်ခံခဲ့၍ သုံးနှစ်ကြာသောအခါ အနားယူလိုက်လေသည်။ ထိုသို့ အနားယူချိန်တွင် သူ၏နာမည်မှာ သိပ္ပံပညာဘက်၌ လည်းကောင်း၊ ပညာရေးဘက်၌ လည်းကောင်း၊ အယူဝါဒဆိုင်ရာဘက်၌ လည်းကောင်း၊ လူမှုရေးရာ ပြုပြင်ပြောင်းလဲမှုဘက်၌လည်းကောင်း အထင်အရှား ကျန်ရစ်လေသည်။
သူ၏ ဉာဏ်ရည်မျိုးကို သားစဉ်မြေးဆက်များထဲမှ အချို့ ဆက်ခံနိုင်ကြ၏။ သူ့သားကြီးဖြစ်သူ လီယိုနတ် ဟပ်စလေ သည် သူ့ဖခင်အကြောင်းအပြင် ထိပ်တန်းကျသော ကဗျာ အချို့ကို ဖွဲ့ဆိုရေးသားခဲ့၏။ သူသည် ကွန်းဟီးမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။ ဟပ်စလေ၏ မြေးများဖြစ်သော ဂျူလီယန်နှင့် အောဒပ်ဟပ်စလေတို့သည် ပါဏဗေဒပါမောက္ခနှင့် အင်္ဂလိပ် ပုံဝတ္ထုရေးဆရာများ အသီးသီး ဖြစ်ကြလေသည်။ တောမတ် ဟင်နရီ ဟပ်စလေသည် ၁၈၉၅ ခု ဇွန်လ ၂၉ ရက်နေ့၌ အီးစဗုန်းမြို့တွင် ကွယ်လွန်လေသည်။[2]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.