သုဇာတာ သည် ဂေါတမမြတ်စွာဘုရားရှင်လက်ထက်အခါတွင် ပထမဆုံးသရဏဂုံတည်သည့်အရာတွင် ဧတဒဂ်ရခဲ့သည်။ သုဇာတာသည် ဥရုဝေလတောအနီး သေနာနိဂုံးမှ သူဌေးကြီးသေနိယ၏ သမီးဖြစ်သည်။ သူဌေးကြီး၏ သမီးတွင် ယသဆိုသည့် သားတစ်ယောက် ရှိလေသည်။ သူဌေးသမီး သုဇာတာသည် ပထမကိုယ်ဝန်တွင် သားယောက်ျားလေးကို မွေးဖွားပါက ညောင်ပင်စောင့် နတ်မင်းအား ဗလိနတ်စာဖြင့် ပူဇော်မည်ဟု ကတိပေးခဲ့သည်။ သားလေး မွေးလာသည့်အခါတွင်လည်း ဗလိနတ်စာ ကျွေးသည့်အမှုကို ယခုသားဖြစ်သူ အသက်နှစ်ဆယ်ကျော်လာသည့်တိုင် တစ်ကြိမ်မျှ မပျက်မကွက် ပြုခဲ့ပေသည်။ ထိုနေ့ကား ထူးခြား၏။ သုဇာတာသည် ရွှေခွက်ထဲသို့ နို့ဃနာတို့ကို ထည့်ကာ ညောင်ပင်သို့လာခဲ့သည်။ ညောင်ပင်သို့ ရောက်သောအခါ ဘုရားရှင်သည် မလှုပ်မယှက် ငြိမ်သက်ကာနေသည်ကို မြင်လေသော် ညောင်ပင်စောင့်နတ်မင်း အမှတ်ဖြင့် "အရှင် ဤရွှေခွက်နှင့်တကွ နို့ဃနာတို့ကို လှူဒါန်းပါတယ်၊ ရွှေခွက်ကိုပါယူပြီး အလိုရှိရာ ကြွနိုင်ပါတယ်" ဟု ပြောဆိုလျှောက်ထား၏။ ထို့နောက်တွင် ဦးချကာ ပြန်လာခဲ့လေသည်။

Thumb
မြတ်စွာဘုရားအား သုဇာတာ ဃနာနို့ဆွမ်းကပ်လှူနေပုံ


ထိုနေ့ညနေ နေမဝင်မီတွင် မြတ်စွာဘုရားရှင်သည် မာရ်နတ်ကို အောင်တော်မူပြီး မိုးသောက်ယံတွင် ဘုရားဖြစ်တော်မူခဲ့သည်။ ထို့နောက်တွင် သုဇာတာ၏ သားဖြစ်သူ ယသသည် မြတ်စွာဘုရားထံတွင် ရဟန်းပြုသွားကြောင်း သိရှိရလေသည်။ သားပျောက်၍ အရှာထွက်သွားသည့် ဖခင်ဖြစ်သူလည်း ဘုရားရှင်၏ တရားကို နာကြားရကာ သရဏဂုံ တည်လေသည်။ နောက်တစ်နေ့မနက် ဘုရားရှင်နှင့်အတူ သံဃာတော်များ ကြွလာ၍ ဆွမ်းဆက်ကပ်လှူဒါန်း၏။ ဘုရားရှင်၏ တရားတော်များနာကြားရသည့်အခါ ချွေးမဖြစ်သူနှင့် သုဇာတာတို့သည် သောတာပန် များ ဖြစ်ခဲ့သည်။ နောင်အခါ မြတ်စွာဘုရားသည် ဧတဒဂ်ဆုများ ချီးမြှင့်သောအခါ သုဇာတာသည်လည်း အမျိုးသမီးများအနက် ပထမဦးစွာ သရဏဂုံတည်သည့်အရာတွင် အသာဆုံးအမြတ်ဆုံး ဆုကိုရခဲ့သည်။[1]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.