သရေစည်သူဘွဲ့ သည် ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ငါးမျိုးတွင်အပါအဝင်ဖြစ်ပြီး စတုတ္ထတန်းစားဘွဲ့ဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။
သရေစည်သူ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ | |
---|---|
သရေစည်သူဘွဲ့တံဆိပ် | |
နိုင်ငံတော် သမ္မတ မှ ချီးမြှင့်ခြင်း | |
အမျိုးအစား | ပြည်ထောင်စုစည်သူသင်္ဂဟ |
တည်ထောင်ခဲ့ | ၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက် |
နိုင်ငံ | မြန်မာ |
ဖဲကြိုး | |
Precedence | |
နောက်ထပ် (ပိုမြင့်သော) | မဟာသရေစည်သူ |
နောက်ထပ် (ပိုနိမ့်သော) | စည်သူ |
ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့များ
- အဂ္ဂမဟာသရေစည်သူ
- သတိုးမဟာသရေစည်သူ
- မဟာသရေစည်သူ
- သရေစည်သူ
- စည်သူ ဘွဲ့တို့ဖြစ်ကြသည်။
အမှတ်စဉ် ၁ ကိုများသောအားဖြင့် နိုင်ငံတော်သမ္မတကြီးများ၊ စော်ဘွားကြီးများ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၂ ကိုတပ်မတော်အရာရှိကြီးများ ပြည်ထောင်စုဖြစ်မြောက်ရေးတွင်ပါဝင်ကြိုးပမ်းခဲ့ကြသောတိုင်းရင်းသားခေါင်းဆောင်များ တရားလွှတ်တော်ဝန်ကြီးချုပ်များ ကိုသာချီးမြှင့်လေ့ရှိသည်။ အမှတ်စဉ် ၃ ကို ရှမ်းစော်ဘွားများ၊ ဝန်ကြီးများ၊ တရားလွှတ်တော်ဝန်ကြီးများ၊ နိုင်ငံ့တာဝန်ထူးချွန်ပြောင်မြောက်သူများကိုချီးမြှင့်လေ့ရှိသည်။
ချီးမြှင့်ခြင်း
သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[1]
သရေစည်သူဘွဲ့ ရရှိခဲ့သူများ
သရေစည်သူဘွဲ့ ရရှိခဲ့သော မြန်မာနိုင်ငံသားများ-
- လဲချားစော်ဘွားကြီး စဝ်နွံ
- ကျေးသီးစော်ဘွား စဝ်ရွှေမှုံ
- မိုးနဲစော်ဘွား စဝ်ပြည့်
- ဗိုလ်ကျော်ဇော (ရဲဘော်သုံးကျိပ်ဝင်)
- ဦးဘခင်(ထေရဝါဒဗုဒ္ဓဘာသာကမ္မဋ္ဌာန်းနည်းပြဆရာ) (နိုင်ငံတော်ငွေစာရင်းမင်းကြီး(ငြိမ်း))
- ဦးချန်ထွန်းအောင်
- ဦးဝင်းဖေ (အတွင်းဝန်)
- ဦးဘဌေး (I.C.S)
- မှူးသမိန်
- စန်းယု (နိုင်ငံတော်သမ္မတ)
- ဦးလှကျော် - မီးသတ်ဦးစီးဌာန၏ ပထမဆုံးညွှန်ကြားရေးဝန် (၁၉၅၄)
- ဗိုလ်မှူးချုပ် သန်းဖေ - ဒုကာကွယ်ရေးဦးစီးချုပ် (ရေ)
- ဦးအောင်ရွှေ (နောင်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင်တည်ထောင်ခဲ့သူ)
- ဗိုလ်ချုပ် သီဟသူရ သူရ စစ်မောင်(ကျဆုံး)
- ဦးဉာဏ်ထွန်း (ဒုတိယ သမ္မတဟောင်း)
- ဦးကျော်သန်း
- အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်း
- ဦးအောင်ကိုဝင်း (ကမ္ဘောဇဘဏ်နာယက)
- ဒေါက်တာဘဒ္ဒန္တဉာဏိဿရ သီတဂူဆရာတော် (အဓိပတိ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်)
- ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ(ပဓာနနာယက၊ ပုညနိမ္မိတာရာမရွှေသုဝဏ်ကျောင်းတိုက်)
- ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (ပါမောက္ခချုပ်(ငြိမ်း)၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်)
- ဘဒ္ဒန္တဝိမလဗုဒ္ဓိ (ပဓာနနာယက၊ ပါဠိတက္ကသိုလ်မင်္ဂလာဇေယျုံကျောင်းတိုက်) [2]
အခြားကြည့်ရန်
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.