ဇီဝဗေဒခွဲခြားပုံအားဖြင့် လူနှင့်တိရစ္ဆာန်များ From Wikipedia, the free encyclopedia
ဇီဝမျိုးရိုးခွဲခြားခြင်း အဆင့်အားဖြင့် အဆန်ရှိဆဲလ်ဖွဲ့ (ယူခယ်ရီယုခ်) မျိုးဘုံ တစ်ခုဖြစ်သော သတ္တဝါများ (အင်္ဂလိပ်: Kingdom Animalia) ဆိုသည်မှာ များသောအားဖြင့် -
ဤဆောင်းပါး သည် မပြီးစီးသေးပါ။ |
သတ္တဝါမျိုးဘုံဝင် သက်ရှိများ | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
နယ်ပယ်: | ယူကာယုတ် |
(unranked): | Unikonta |
(unranked): | Opisthokonta |
(unranked): | Holozoa |
(unranked): | Filozoa |
လောက: | Animalia လင်းနီးယပ်၊ ၁၇၅၈ |
Major divisions | |
Synonyms | |
|
ဆဲလ်များစွာဖွဲ့-သက်ရှိများ ဖြစ်၍၊ အခြားသော အဆန်ရှိဆဲလ်ဖွဲ့ အပင်များ၊ မှိုများ စသည်တို့နှင့် ကွဲပြား၏။
အင်္ဂလိပ်အမည် "animal" သည် လက်တင်သဒ္ဒါ animale (ပင့်သက်အရှင်) မှ ဆင်းသက်လာသည်။ ဇီဝဗေဒတွင် အသုံးပြုသော သဒ္ဒါသည် လောက (Kingdom) ကိုညွှန်းသည်။
ဤ သတ္တဝါမျိုးဘုံ ဟူသော မျိုးဘုံထဲတွင် အောက်ပါ မျိုးပေါင်းစုများ (Phyla) ပါဝင်၏။
အဆစ်ဆစ်အပိုင်းပိုင်းသော ဖွဲ့စည်းမှုနှင့် ခြေချောင်းများ ၃စုံ (၆ချောင်း) နှင့် အထက် ရှိကာ၊ အတွင်း၌ အရိုးဖြင့် မတည်ရှိပဲ ကိုယ်ပြင်အုပ် အမာခွံနှင့် ကိုယ်ထည်ဖွဲ့ရှိသည်။ မျိုးစိတ်ပေါင်း ၈၀၀၀၀၀ ကျော်ရှိကာ အင်းဆက်များသည်လည်း ထိုအုပ်စုတွင် အပါအဝင်ဖြစ်သည်။ (ပုရွက်ဆိတ်၊ နှံကောင်၊ ချေးထိုးပိုး၊ ပင့်ကူ၊ ကဏန်း၊ ပုဇွန် စသည်)
အရိုးလုံးဝမပါဘဲ ကျိချွဲပျော့တွဲသော ကိုယ်ထည်ရှိပြီး ပွတ်တိုက်ရွေ့လျားသွားလာတတ်သည့် အုပ်စုဖြစ်သည်။ အချို့မျိုးစိတ်များတွင် ပျော့တွဲသောကိုယ်ကို ကယ်လ်ဆီယမ် ပါဝင်သည့် အခွံမာတစ်ခုဖြင့် ကာကွယ်ထားတတ်ကြသည်။ (ခရု၊ ပက်ကျိ၊ မျှော့၊ ရေဘဝဲ၊ ကင်းမွန်၊ ယောက်သွား၊ ကမာ၊ ကြယ်ငါး စသည်တို့)
ယေဘုယျအားဖြင့် ကျောရိုးရှိ သတ္တဝါများ မျိုးပေါင်းစု ဖြစ်၏။ အောက်ပါ မျိုးပေါင်း(မျိုးဂိုဏ်း) တို့ အကျုံးဝင်၏။
ရေတွင် ပါးဟပ်ဖြင့် အသက်ရှုကာ ဆူးတောင်ရေယက်များဖြင့် ကူးခတ်တတ်ပြီး အကြေးခွံရှိသော ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်သည့် ငါးမျိုးစိတ်ပေါင်း ၂၁၀၀၀ ခန့်ရှိသည်။ (ငါးမန်း၊ ရေနဂါး၊ ဆာလ်မွန်း၊ ထရောက် စသည်)
ကျောရိုးရှိ သွေးအေး သတ္တဝါများဖြစ်ကြပြီး ရေတွင်ပေါက်ဖွားကာ ကုန်းပေါ်တွင် အရွယ်ရောက်ကြသည်။ မျိုးစိတ် ၃၀၀၀ ခန့်ရှိသည်။ (ဖား၊ ဆယ်လ်မင်ဒါ စသည်)
အကြေးအခွံပါသော ကျောရိုးရှိ သွေးအေးသတ္တဝါများဖြစ်ကြပြီး၊ ရေမစိမ့်တတ်ဘဲ အတွင်း၌ သက်ရှိသစ်(သန္ဓေသား) နှင့်အတူ ရေနှင့်အာဟာရများကို ထိန်းပေးသည့် ဥများ ဥသည့်အလျောက် ကုန်းတွင်းပိုင်းတို့၌ ရှင်သန်ထွန်းကားနိုင်၏။ မျိုးစိတ် ၆၀၀၀ ကျော်ရှိသည်။ (မြွေ၊ လိပ်၊ ဖွတ်၊ ပုတ်သင်ညို စသည်)
အခွံမာသော ဥမှပေါက်ဖွားပြီး အရွယ်ရောက်လျှင် အမွှေးအတောင်များရှိသော အများစု ပျံသန်းနိုင်သည့် ကျောရိုးရှိ သွေးနွေးသတ္တဝါများကို ငှက်ဟုခေါ်သည်။ မျိုးစိတ် ၈၀၀၀ ခန့်ရှိသည်။ (ကျီး၊ ဇီးကွက်၊ သိမ်းငှက်၊ ငှက်ကုလားအုပ်၊ ပင်ဂွင်း စသည်)
သားငယ်ကို မိခင်နို့တိုက်ကျွေးသည့် အလေ့အထရှိသော ကျောရိုးရှိ သွေးနွေးသတ္တဝါများ ဖြစ်ကြသည်။ လူအပါအဝင် မျိုးစိတ်ပေါင်း ၄၀၀၀ ခန့်ရှိသည်။ (လူ၊ မျောက်၊ ခွေး၊ ကျွဲ၊ နွား၊ ကျား၊ ဆင်၊ လင်းပိုင်၊ ဝေလငါး၊ ဖျံ စသည်)
မျိုးပေါင်းစုများ | နမူနာပုံ | မျိုးစိတ်
အရေအတွက် |
ကုန်းနေ | အဏ္ဏဝါ
အဏ္ဏဝါနေ |
ရေချိုနေ | အမှီခိုကင်း | ကပ်ပါးနေ |
---|---|---|---|---|---|---|---|
တီမျိုး | ၁၇,၀၀၀[1] | ရှိ (မြေဆီလွှာ) [2] | ရှိ [2] | ၁,၇၅၀[3] | ရှိ | ၄၀၀[4] | |
ခြေဆစ်များသတ္တဝါ | ၁,၂၅၇,၀၀၀[1] | ၁,၀၀၀,၀၀၀
(အင်းဆက်)[5] |
၄၀,၀၀၀ အထက်
(Malac- (Malacostraca)[6] |
၉၄,၀၀၀[3] | ရှိ [2] | ၄၅,၀၀၀ အထက်[မှတ်စု 1][4] | |
Bryozoa | ၆,၀၀၀ [1] | ရှိ [2] | ၆၀ ~ ၈၀ [3] | ရှိ | |||
ကော်ဒိတ် | ၇၀,၀၀၀ အထက်[1][7] | ၂၃,၀၀၀ [8] | ၁၃,၀၀၀ [8] | ၁၈,၀၀၀[3]၉,၀၀၀[8] | ရှိ | ၄၀ | |
Cnidaria | ၁၆,၀၀၀ [1] | ရှိ[2] | ရှိ(အနည်းငယ်)[2] | ရှိ[2] | ၁,၃၅၀ အထက်
(Myxozoa)[4] | ||
Echinoderms | ၇,၅၀၀ [1] | ၇,၅၀၀ [1] | ရှိ[2] | ||||
ကျိချွဲ သတ္တဝါ
(ခရုမျိုး) |
၈၅,၀၀၀ [1]၁၀၇,၀၀၀ [10] | ၃၅,၀၀၀ [10] | ၆၀,၀၀၀ [10] | ၅,၀၀၀ [3]၁၂,၀၀၀ [10] | ရှိ[2] | ၅,၆၀၀ အထက် [4] | |
Nematodes | ၂၅,၀၀၀[1] | ရှိ (မြေဆီလွှာ)[2] | ၄,၀၀၀ [11] | ၂,၀၀၀[3] | ၁၁,၀၀၀ [11] | ၁၄,၀၀၀ [11] | |
Platyhelminthes | ၂၉,၅၀၀ [1] | ရှိ[12] | ရှိ[2] | ၁,၃၀၀[3] | ရှိ[2]၃,၀၀၀~၆,၅၀၀[13] | ၄၀,၀၀၀ အထက်[4]၄,၀၀၀–၂၅,၀၀၀ [13] | |
Rotifers | ၂,၀၀၀ [1] | ၄၀၀ အထက် [14] | ၂,၀၀၀ [3] | ရှိ | |||
စပန်းရေမြှုပ် | ၁၀,၈၀၀ [1] | ရှိ[2] | ၂၀၀ ~ ၃၀၀[3] | ရှိ | ရှိ[15] | ||
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.