သင်းခွေချပ်
နို့တိုက်သတ္တဝါ မျိုးစဉ် / From Wikipedia, the free encyclopedia
သင်းခွေချပ်(Pangolin)သည် အကြေးခွံပါသော သတ္တဝါတစ်မျိုးဖြစ်သည်။ များသောအားဖြင့် သင်းခွေချပ်များ၏ ခန္ဓာကိုယ်ကို မာကျောသောအကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ ထိုအကြေးခွံများသည် တစ်ခုနှင့်တစ်ခု ထိစပ်နေပြီး ခန္ဓာကိုယ်ကို အခြားပြင်ပအန္တရာယ်များမှ ကာကွယ်နိုင်ရန် သံချပ်ကာဝတ်စုံသဖွယ် ဖန်တီးပေးထားသည်။ အန္တရာယ်နှင့်ကြုံလာသောအခါ သင်းခွေချပ်များသည် ဘောလုံးသဖွယ် ကိုယ်ကိုလုံးလိုက်ခြင်းအားဖြင့် မာကျောသော အလုံးကြီးဖြစ်သွားသည်။
အချက်တိုများ မျိုးရိုးခွဲခြားခြင်း, အုပ်စုခွဲများ ...
သင်းခွေချပ် (အင်္ဂလိပ်: Pangolin) | |
---|---|
pangolins from families Manidae, Patriomanidae, Eomanidae and Eurotamanduidae | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
Mirordo-mb: | Ferae |
Clade: | Pholidotamorpha |
မျိုးစဉ်: | Pholidota Weber, 1904 |
အုပ်စုခွဲများ | |
| |
Ranges of living species | |
Synonyms | |
list of synonyms:
|
ပိတ်ရန်
သင်းခွေချပ်တို့သည် ဤနည်းအားဖြင့် အသက်ရှင်ရပ်တည်နေကြသည်။ အချို့သော သင်းခွေချပ်များသည် သစ်ပင်တက်တတ်သော်လည်း အများစုမှာ မတက်တတ်ကြပေ။ သင်းခွေချပ်သည် နှုတ်သီးရှည်၍ ပုရွက်ဆိတ်စားကောင် (Anteater)နှင့် သဏ္ဌာန်တူသည်။ ပုရွက်ဆိတ်စားကောင် (Anteater)သည် အကြေးခွံမပါပဲ အမွှေးများပါရှိသည်။[5]