ဝီကီမီဒီယာ နှင့် မျှဝေသူများမှ ပြုပြင်ထားသော အခမဲ့ အသိဉာဏ် အချက်အလက်အစု ပရောဂျက် ဖြစ်သည် From Wikipedia, the free encyclopedia
ဝီကီဒေတာဆိုသည်မှာ အများမှ ပူးပေါင်းတည်းဖြတ်သည့် အသိပညာအခြေပြု ပရောဂျက်တစ်ခုဖြစ်ပြီး ဝီကီမီဒီယာ ဖောင်ဒေးရှင်းမှ စီမံခန့်ခွဲသည်။ ဝီကီပီးဒီးယားကဲ့သို့ ဝီကီမီဒီယာ ပရောဂျက်များအတွက် ဒေတာရင်းမြစ်များအဖြစ် ပေးနိုင်စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။[2] Wikimedia Commons ကဲ့သို့ပင် မီဒီယာဖိုင်များအား သိုလှောင်နိုင်ပြီး ထိုဖိုင်များကို ဝီကီမီဒီယာ ပရောဂျက်အားလုံးတွင် ခွင့်ပြုထားပြီး လွတ်လပ်စွာ တဖန်ပြန်၍ အသုံးပြုနိုင်သည်။ ဝီကီဒေတာကို Wikibase ဆော့ဝဲလ်ဖြင့် လည်ပတ်သည်။[3]
ဝီကီဒေတာ၏ ပင်မစာမျက်နှာ | |
ဝဘ်ဆိုဒ် အမျိုးအစား |
|
---|---|
ဖတ်ရှုရရှိနိုင်မှု | Multilingual |
ပိုင်ဆိုင်သူ | ဝီကီမီဒီယာ ဖောင်ဒေးရှင်း |
ဖန်တီးသူ | ဝီကီမီဒီယာ အသိုက်အဝန်း |
ဝဘ်ဆိုဒ် | wikidata.org |
Alexa အဆင့် | 12,901 (November 2017[update]) [1] |
စီးပွားရေး | မရှိ |
မှတ်ပုံတင်ခြင်း | Optional |
ဝီကီဒေတာသည် document-oriented database ဖြစ်ပြီး အချက်အလက်များတွင် အဓိကထားသည်။ အချက်အလက်တိုင်းသည် အကြောင်းအရာတစ်ခု (သို့မဟုတ် ဝီကီပီးဒီးယား ထိန်းသိမ်းရေးအတွက် အသုံးပြုသော အုပ်ချုပ်မှု စာမျက်နှာများ)ကို ကိုယ်စားပြုပြီး ထိုသည်တို့ကို သီးသန့်ကိန်းဂဏန်းများဖြင့် သတ်မှတ်ထားကာ ထိုဂဏန်းများအစတွင် အင်္ဂလိပ်အက္ခရာ Q ဖြင့် စတင်ထားသည်။ ဥပမာအားဖြင့် နိုင်ငံရေးဟုသော အကြောင်းအရာအတွက် အချက်အလက်မှာ Q7163 ဖြစ်သည်။
ဤပရောဂျက်အား ဖန်တီးရာတွင် Allen Institute for Artificial Intelligence၊ Gordon and Betty Moore Foundation နှင့် ဂူဂယ် အင်စတီကျူတို့၏ ထောက်ပံ့လှူဒါန်းမှုများဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း €၁.၃ မီလီယံဖြင့် ဖြစ်သည်။[4][5] အစောပိုင်း ဤပရောဂျက်ကို ဝီကီမီဒီယာ ဂျာမနီမှ ကြီးကြပ်ကွပ်ကဲခဲ့ပြီး အပိုင်းသုံးပိုင်း ခွဲ၍ ဆောင်ရွက်ခဲ့သည်။[6]
လိုဂိုပေါ်ရှိ ဘားများတွင် "WIKI" ဟုသော စကားလုံးကို မော့ အချက်ပြသင်္ကေတဖြင့် ဝှက်၍ ရေးထားသည်။[7]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.