ဝိုင်းမော်မြို့
မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်ရှိ မြို့ / From Wikipedia, the free encyclopedia
ဝိုင်းမော်မြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြစ်ကြီးနားမြို့၏ တစ်ဖက်ကမ်း ၆ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ရှမ်းလူမျိုးများ နေထိုင်ခဲ့သော်လည်း ယခုမူ မရူး (လော်ဝေါ်) လူမျိုးအများစုနေထိုင်ကြသည်။ မူလရှမ်းအမည်မှာ ဝိန်းမော်ဖြစ်သည်။ ဝိန်းသည် အကာအရံတံတိုင်း၊ မော်သည် အသစ်၊ ထို့ကြောင့် တံတိုင်း ကာရံထားသောမြို့သစ် ဟုအဓိပ္ပာယ် ရသည်။ မရူး (လော်ဝေါ်) အမည်မှာ နိန်မောဝ် ဖြစ်သည်။ ၂၀၁၄ ခုနှစ်စာရင်းအရ ၎င်းတွင် လူဦးရေ ၂၁,၉၆၉ ဦးရှိသည်။[2]
အချက်တိုများ ဝိုင်းမော်မြို့, နိုင်ငံအမည် ...
ဝိုင်းမော်မြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 25°21′N 97°26′E | |
နိုင်ငံအမည် | ![]() |
ပြည်နယ် | ![]() |
ခရိုင် | မြစ်ကြီးနား |
မြို့နယ် | ဝိုင်းမော် |
လတ္တီကျု | (၂၅)ဒီဂရီ၊ (၂၁)မိနစ် |
လောင်ဂျီကျု | (၉၇)ဒီဂရီ၊ (၂၆)မိနစ် |
လူဦးရေ (၂၀၁၄) | ၂၁,၉၆၉[1] |
အချိန်ဇုန် | မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
ပိတ်ရန်