ဝါရမိတ္တုရက်ကြီး
From Wikipedia, the free encyclopedia
ဝါရမိတ္တုရက်ကြီးကျရောက်သော နေ့တွင် ခရီးရပ်ဝေးသွားရောက်ခြင်း၊ အိမ်တက်မင်္ဂလာ ပြုခြင်း၊ ထိမ်းမြားခြင်းနှင့် ကုန်ရောင်းကုန်ဝယ် ပြုခြင်းတို့ကို ရှောင်ကြဉ်ကြသည်။ မရှောင်ကြဉ်ဘဲ ပြုမိပါက ပျက်စီးဆုံးရှုံးခြင်းတို့နှင့် ကြုံတွေ့ရတတ်သည်ဟု ယုံကြည်ကြသည်။ ဝေဒကျမ်းဂန်များမှ ဆင်းသက်လာသော အယူအဆ ဖြစ်ကာ ရှေးမြန်မာလူမျိုးများ သုံးစွဲခဲ့ကြပြီး ထိုအယူအဆသည် ယနေ့ထက်တိုင် အချို့သော ဒေသများ၌ အမြစ်တွယ်နေဆဲ လက်ခံယုံကြည်နေကြဆဲ ဖြစ်သည်။ အလားတူ ရွေးချယ်ရသည့် ရက်မှာ ဝါရမိတ္တုရက်ငယ် ဖြစ်သည်။ ပြဿဒါးနှင့် ရက်ရာဇာ ရွေးသကဲ့သို့ ဖြစ်သည်။