ရက်ရာဇာ
From Wikipedia, the free encyclopedia
တမ်းပလိတ်:ရာဇ်ရာဇာ
မြန်မာလူမျိုးတို့တွင် ရှေးထုံးကိုလည်း မပယ်နှင့်၊ ဈေးသုံးကိုလည်း မကြွယ်နှင့် ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ အမှားအမှန်ကို မဆင်ခြင် မတိုင်းဆဘဲ၊ ရှေးအယူအဆများ ကို ယနေ့တိုင် တစ်သဝေမတိမ်း လက်ခံကျင့်သုံးသူ အများအပြား ရှိသေးသည်။ မြတ်စွာဘုရားသခင်ကပင် မိမိ၏တရားများကို ဆင်ခြင်တိုင်းဆပြီးလျှင် အယုံအကြည် ရှိသောအခါမှသာ ကျင့်သုံးရန် ဟောကြားခဲ့သော်လည်း အယူသည်းမြဲ သည်းသူများ ရှိပေသေးသည်။ အယူသည်းသူများသည် စာအုပ်များ၊ ပြက္ခဒိန်များတွင် ဖော်ပြသည့် ရက်ရာဇာ၊ ပြဿဒါး စသော နေ့များကို ယုံကြည်အားကိုးပြု၍ အများပင် အသုံးပြုကြ၏။ ဘုရားအလို ရက်ရာဇာ- ကောင်းသောကိုယ်အမူ၊ နှုတ်အမှု၊ စိတ်အမှု ပြုလုပ်ပြောဆို ကြံစည်သူတို့အဖို့မှာ နေ့စဉ် နေ့ကောင်းရက်သာ ရက်ရာဇာဖြစ်၏ ဟု မြန့်မာအလင်း ပြက္ခဒိန်တွင် ဖော်ပြထားလေသည်။
သို့သော်လည်း အယူသည်းသူများသည် မိမိတို့၏လုပ်ငန်းကိစ္စ အဝဝတို့နှင့်အကွ ခရီးသွားမှု၊ အိမ်ဆောက်မှု၊ မင်္ဂလာပြုမှု စသည်များကို နေ့ကောင်းနေ့မြတ် ရက်များတွင် ပြုလုပ်လိုသောအခါ ရက်ရာဇာနေ့များ၌ ပြုလုပ်ကြ၏။ ပြက္ခဒိန်များတွင် ရက်ရာဇာများကို ဖော်ပြထားကြသော်လည်း တစ်ခုနှင့်တစ်ခု မတူညီကြချေ။ ဤရက်ရာဇာနေ့များသည် လက်ဆန်းနည်းဖြစ်၍ နက္ခတ်ပညာ တွက်နည်းဖြင့် နေ့ကောင်းရက်သာများ မရွေးချယ်တတ်သေးမီ အခါကာလ၌ အသုံးပြုကြသောနည်းသာ ဖြစ်ချေမည်။ အမှန်စင်စစ် ရက်ကောင်း၊ ရက်ဆိုးရွေးနည်းအတွက် နက္ခတ်ပညာ တွက်နည်းသာလျှင် ယခုခေတ်နှင့်လျော်ညီ၏။ ယခုအသုံးပြုသော ရက်ရာဇာနေ့ဖြင့် ရက်ကောင်းရက်သာရွေးနည်းမှာ အခြေအမြစ် မရှိသည့်အပြင်၊ ပြက္ခဒိန်များကို တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်ကြည့်ပါက ရက်ရာဇာနေ့ အမျိုးမျိုးဖြစ်နေသည်ကို တွေ့ရ၏။ ရှေးအခါက စာပေဖြင့် မှတ်တမ်းထားခဲ့နိုင်စွမ်းမရှိသေး၍ နှုတ်တိုက် မှတ်သားခဲ့ရပြီးလျှင် သက်ကြီးများထံမှ သက်ငယ်များက တစ်ဆင့်ပြီးတစ်ဆင့် ခံယူမှတ်သားခဲ့ရသောကြောင့် မူအမျိုးမျိုးဖြစ်နေခြင်း ဖြစ်သည်။ အသံနှင့် လေ့လာ
မှတ်သားမှုကြောင့်လည်း လွဲမှားခဲ့သဖြင့် နေ့များသည်လည်း မှားမည်မှာ မလွဲပေ။
အချို့ ဆရာများသည် ရက်ရာဇာနေ့များကို လင်္ကာဖြင့် ဖော်ပြထားသည်။ သို့သော်လည်း လင်္ကာတစ်ခုနှင့် တစ်ခု မတူညီသည်မှာ အထက်ဖော်ပြပါ အကြောင်းအရ အသံများ
လွဲမှားမှုကြောင့် ဖြစ်၏။
အချို့လင်္ကာ၌−
တန်ခူး သာလှ၊ ထွန်းပ ကဆုန်၊
နယုန် ညွှန်စ၊ အောင်လှ ဝါဆို၊
သာလို ဝါခေါင်၊ မြတောင် တော်သလင်း၊
သီတင်းကျွတ် ဆီ၊ ဩလီ တန်ဆောင်မုန်း၊
သန်းလုံး နတ်တော်၊ မီးနော် ပြာသို၊
မိညို တပို့တွဲ၊ အဲဝင် တပေါင်း၊
အလွန်ကောင်းသည်၊ ရက်ကောင်း ရာဇာရာဇာတည်းဟု ဆို၍
အချို့လင်္ကာ၌−
တန်ခူး သာကျော်၊ ထွန်းပေါ် ကဆုန်၊
နယုန် ညွှန်စ၊ အောင်လှ ဝါဆို၊
သာလို ဝါခေါင်၊ မြတောင် တော်သလင်း၊
သီတင်းကျွတ်ဆီ၊ သောရီ တန်ဆောင်မုန်း၊
ချမ်းလုံး နတ်တော်၊ မီးနော် ပြာသို၊
မီးညိုတပို့တွဲ၊ ထဲဝင် တပေါင်း၊
အလွန်ကောင်းသည် ရက်ကောင်း ရာဇာ့ ရာဇာတည်ဟု ဆိုသည်။
အချို့ကျမ်းများတွင် တန်ခူး ကျော်သာလှ ဟူ၍ တန်ခူးလတွင် ရက်ရာဇာနေ့များသည် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာဟု ဖော်ပြ၏။ ထိုပြင် သီတင်းကျွတ် ဆီမီးဟူ၍ သီတင်းကျွတ်လ တွင် အင်္ဂါနှင့် ကြာသပတေးနေ့များသည် ရက်ရာဇာဟူ၍ ပြထား၏။ သို့အတွက် ၁၃၂၅ ခုနှစ်တွင် ရိုက်နှိပ်ထားသော ပြက္ခဒိန်များမှ ရက်ရာဇာနေ့များ ကောက်နုတ်၍ အောက်တွင် ဇယားပြုလုပ်နှိုင်းယှဉ်ပြထားသည်။ ဤသို့ ဖော်ပြရာ၌ နေ့များကို ဂဏန်းများဖြင့် ဖော်ပြပါမည်။