လွတ်လပ်ပြီးခေတ်မြန်မာနိုင်ငံ
ပြည်ထောင်စုမြန်မာနိုင်ငံတော် / From Wikipedia, the free encyclopedia
ပြည်ထောင်စုမြန်မာနိုင်ငံတော် (အင်္ဂလိပ်: Union of Burma) သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိသျှတို့ထံမှ လွတ်လပ်ရေးကို ရရှိခဲ့သည်။ ၁၉၄၈ မှ ၁၉၅၈ အထိလည်းကောင်း၊ ၁၉၆၀ မှ ၁၉၆၂ အထိလည်းကောင်း မြန်မာနိုင်ငံသည် ဒီမိုကရက်တစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံသည် အစ္စရေးနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ကို ပထမဆုံး အသိအမှတ်ပြုခဲ့သော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လေသည်။ ၁၉၅၄ မှ ၁၉၅၆ အထိ ဝန်ကြီးချုပ်ဦးနုမှ ဦးဆောင်၍ ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခဲ့သည်။[2]
ပြည်ထောင်စုမြန်မာနိုင်ငံတော် Union of Burma | |
---|---|
ဆောင်ပုဒ်: သမဂ္ဂါနံ တပေါ သုခေါ (စည်းလုံးညီညွတ်ခြင်းသည် ချမ်းသာခြင်းကို ဆောင်ရာ၏) | |
မြို့တော် | ရန်ကုန်မြို့ |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ[1] |
အစိုးရ | ဖက်ဒရယ် ပါလီမန် သမ္မတစနစ် |
| |
ဥပဒေပြုလွှတ်တော် | ပြည်ထောင်စုလွှတ်တော် |
လူမျိုးစုလွှတ်တော် | |
ပြည်သူ့လွှတ်တော် | |
ဖြစ်ရပ်များ | |
• မြန်မာ့လွတ်လပ်ရေးအက်ဥပဒေပြဋ္ဌာန်းခြင်း | ၁၀ ဒီဇင်ဘာ ၁၉၄၇ |
၄ ဇန်နဝါရီ ၁၉၄၈ | |
၂ မတ် ၁၉၆၂ | |
ဧရိယာ | |
• စုစုပေါင်း | ၆၇၆,၅၇၈ km2 (၂၆၁,၂၂၈ sq mi) |
ငွေကြေး | မြန်မာကျပ်ငွေ (MMK) |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+06:30) |
ISO 3166 ကုဒ် | MM |
၁၉၄၈ ဖဆပလပါတီအာဏာရလာပြီးနောက် ဝန်ကြီးချုပ်အဖြစ် ဦးနုက ဆောင်ရွက်ခဲ့၍ မကြာမီပင် ဖဆပလအတွင်း၌ ကွဲပြားမှုများစွာဖြစ်ပေါ်ခြင်း၊ တိုင်းပြည်အနှံ့ ကွန်မြူနစ်၊ တိုင်းရင်းသား ပဋိပက္ခများစွာကို ရင်ဆိုင်ခဲ့ရသည်။ ၁၉၄၉ တွင် အစိုးရအစိုးရ၏ အပြည့်အဝထိန်းချုပ်နိုင်သည်မှာ ရန်ကုန်မြို့နှင့်အနီးတဝိုက်သာဖြစ်သည်။ ထို့ကြောင့် အင်အားချည့်နဲ့သောအစိုးရသည် စစ်တပ်၏အင်အားကို မှီခိုလာခဲ့ရကာ ဗိုလ်ချုပ်နေဝင်းသည် အာဏာထက်မြက်လာခဲ့လေသည်။ ၁၉၅၈ ၌ ကြီးမားသည့် စိန်ခေါ်မှုများကို အစိုးရအဖွဲ့က မထိန်းချုပ်နိုင်သည့် အခြေအနေအပြင် အချို့သော နယ်ဘက်၊ စစ်ဘက်မှသူများက စစ်တပ်ခေါင်းဆောင် ဦးနေဝင်းထံ အာဏာလွှဲပြောင်းပေးရန် တောင်းဆိုမှုများ၊ နိုင်ငံရေးမတည်ငြိမ်မှုများလည်းရှိခဲ့၏။ ဤသို့ဖြင့် ဒီမိုကရေစီစနစ်မှ ဦးနေဝင်းက အိမ်စောင့်အစိုးရ ဖွဲ့စည်း၍ ၁၉၅၈ မှ ၁၉၆၀ အထိ အုပ်ချုပ်ခဲ့သည်။[3] ၁၉၆၀ ဖေဖော်ဝါရီတွင် ရွေးကောက်ပွဲများ ပြုလုပ်ခဲ့ကြပြီး ဦးနုအာဏာပြန်လည်ရရှိလာသော်လည်း ၁၉၆၂ မတ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။