လေဟာနယ်
အရာဝတ္ထု ဘာမျှမရှိသော ဟင်းလင်းပြင် / From Wikipedia, the free encyclopedia
လေဟာနယ် သို့မဟုတ် ဗလာနယ် (အင်္ဂလိပ်: vaccum) သည် အရာဝတ္ထုကွက်လပ်၏ အာကာသ ကြားခံနယ်ဖြစ်သည်။ လက်တင်ဘာသာစကား vacuus မှ ဆင်းသက်လာပြီး လေဖိအားထက် နည်းပါးသော အငွေ့ဖိအားသက်ရောက်ရာ နယ်မြေကို လေဟာနယ်ဟု သတ်မှတ်သည်။[1] ရူပဗေဒပညာရှင်များက ပြီးပြည့်စုံသော လေဟာနယ်နှင့် တပိုင်းလေဟာနယ်ဟု သုံးနှုန်းကြသည်။ အဘယ်ကြောင့်ဆိုသော် လေဟာနယ်တုများကို ဓာတ်ခွဲခန်းများတွင် ဖန်တီးလုပ်ယူနိုင်သောကြောင့်ပင် ဖြစ်သည်။ အင်ဂျင်နီယာပညာရပ်နှင့် အသုံးချရူပဗေဒဆိုင်ရာများ၌ လေဟာနယ်အား လေထုဖိအားထက် နည်းပါးသော မည်သည့် ကြားခံနယ်မြေကိုမဆို ရည်ညွန်းခေါ်ဆိုသည်။[2]