လူန စီမံကိန်း
From Wikipedia, the free encyclopedia
လူန စီမံကိန်း သည် ဆိုဗီယက်ယူနီယံ၏ လကမ္ဘာသို့စေလွှတ်သည့် လူမဲ့ အာကာသယာဉ်များဖြစ်သည်။ ၁၉၅၉ မှ ၁၉၇၆ ခုနှစ်အတွင်း မက်ရှင် ၁၅ ခု အောင်မြင်ခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းမှာတင် မအောင်မြင်သော အာကာသယာဉ်များကိုမူ လူသိမခံလိုသောကြောင့် ကော့စမော့ဂြိုဟ်တုဟု အမည်တပ်ခဲ့သည်။[2] လူန စီမံကိန်းအတွက် ခန့်မှန်းခြေကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရှိသည်။