လီကွန်ဟီး
From Wikipedia, the free encyclopedia
လီကွန်ဟီး (Lee Kun-hee) ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွားမြင်ခဲ့ပြီး ဆမ်ဆောင်း အုပ်စု၏ ဥက္ကဋ္ဌ ဖြစ်သည်။ Samsung Slush ရန်ပုံငွေများအလွဲသုံးစားမှုနှင့် ပတ်သက်သော မကောင်းသတင်းများကြောင့် ၂၀၀၈ ခုနှစ် ဧပြီ ၂၁ တွင် အလုပ်ထွက်လိုက်သော်လည်း ၂၀၁၀ မတ်လ ၂၄ တွင် ပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
လီကွန်ဟီး | |||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|
၂၀၁၃ ခုနှစ်က တွေ့ရသော လီကွန်ဟီး | |||||||||||||
မွေးဖွား | (1942-01-09) ဇန်နဝါရီ ၉၊ ၁၉၄၂ (အသက် ၈၂) Ŭiryŏng, South Kyŏngsang, South Korea[1] | ||||||||||||
နိုင်ငံလူမျိုး | တောင်ကိုရီးယား | ||||||||||||
မိခင်ကျောင်း | Waseda University George Washington University | ||||||||||||
အလုပ်အကိုင် | ဆမ်ဆောင်း၏ ဥက္ကဋ္ဌ | ||||||||||||
ကြွယ်ဝမှု | US$ ၁၄.၈ ဘီလီယံ (မေ ၂၀၁၆)[2] | ||||||||||||
အိမ်ထောင်ဖက်(များ) | Hong Ra-hee[3] | ||||||||||||
သားသမီး | Lee Jae-yong Lee Boo-jin Lee Seo-hyun Lee Yoon-hyung† | ||||||||||||
မိဘ(များ) | Lee Byung-chul Park Du-eul | ||||||||||||
|
သူသည် တိုကျို Waseda တက္ကသိုလ်မှ စီးပွားရေးဘွဲ့ရတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုရှိ ဂျော့ချ်ဝါရှင်တန်တက္ကသိုလ်တွင် MBA သင်တန်းကို တက်ရောက်ခဲ့သော်လည်း ဘွဲ့မရရှိခဲ့ပါ။ သူသည် ကိုရီးယား၊ အင်္ဂလိပ်နှင့် ဂျပန်ဘာသာစကားများကို တတ်ကျွမ်းပြောဆိုသည်။ ၁၉၉၆ ခုနှစ်တွင် သူသည် နိုင်ငံတကာအိုလံပစ်ကော်မတီတွင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ပျှမ်းမျှ ၁၂.၆ ဘီလျံဒေါ်လာ ဝင်ငွေဖြင့် သူနှင့်သူမိသားစုကို Forbes ၏ကမ္ဘာ့အချမ်းသာဆုံးလူများစာရင်းတွင် ထည့်သွင်းခဲ့သည်။ သူသည် ဆမ်ဆောင်းအဖွဲ့အစည်းကြီးကို တည်ထောင်သူ လီဗျောင်ချူး၏ တတိယမြောက်သားဖြစ်သည်။
Forbes မဂ္ဂဇင်းကြီး၏ ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့ဩဇာအကြီးဆုံးပုဂ္ဂိုလ်များ စာရင်းတွင် ၄၁ နေရာမြောက်တွင်ရှိသူအဖြစ် ထည့်သွင်းဖော်ပြခံခဲ့ရပြီး ဘန်ကီမွန်း၏နောက် ဒုတိယအချမ်းသာဆုံး တောင်ကိုရီးယားလူမျိုးဖြစ်သည်။