![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/4/4e/Paul_Avril_-_Les_Sonnetts_Luxurieux_%25281892%2529_de_Pietro_Aretino%252C_2.jpg/640px-Paul_Avril_-_Les_Sonnetts_Luxurieux_%25281892%2529_de_Pietro_Aretino%252C_2.jpg&w=640&q=50)
လိင်ဆက်ဆံခြင်း
မျိုးပွားလိုခြင်းသို့မဟုတ်ကာမစိတ်ဖြေလိုခြင်းကြောင့်ပြုလုပ်သည့်အပြုအမူ / From Wikipedia, the free encyclopedia
ဇီဝဗေဒ အမြင်အားဖြင့် လိင် ဆက်ဆံခြင်း သည် အဖို လိင် အင်္ဂါ သည် အမ လိင် အင်္ဂါ အတွင်းသို့ ရောက်သော အပြုအမူ ပင်ဖြစ်ပြီး စပ်ယှက်ခြင်း ဟုလည်း ခေါ်သည်။ [1][2] ၎င်းနှစ်ခုသည် ဆန့်ကျင်ဖက် လိင် သို့မဟုတ် ပက်ကျိကဲ့သို့ ဖိုမဒွိ သတ္တဝါ တွင် လိင်တူလည်း ဖြစ်နိုင်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/4/4e/Paul_Avril_-_Les_Sonnetts_Luxurieux_%281892%29_de_Pietro_Aretino%2C_2.jpg/320px-Paul_Avril_-_Les_Sonnetts_Luxurieux_%281892%29_de_Pietro_Aretino%2C_2.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/4/4c/Deveria04.jpg/320px-Deveria04.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/a/a0/%C3%89douard-Henri_Avril_%2818%29_Hadrian_and_Antinous_in_Egypt.jpg/640px-%C3%89douard-Henri_Avril_%2818%29_Hadrian_and_Antinous_in_Egypt.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/07/%C3%89douard-Henri_Avril_%2824%29.jpg/640px-%C3%89douard-Henri_Avril_%2824%29.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/9a/%C3%89douard-Henri_Avril_%2813%29.jpg/640px-%C3%89douard-Henri_Avril_%2813%29.jpg)
အစဉ်အလာ အားဖြင့် လိင်ဆက်ဆံခြင်းကို ယောက်ျား နှင့် မိန်းမ စပ်ယှက်ခြင်းဟု ထင်မိကြပြီး ယခုထိတိုင် ထိုအဓိပ္ပာယ် ဆောင်သေးသည်။ သို့သော် ၎င်းအဓိပ္ပာယ်မှာ မကြာသေးမီ နှစ်များမှ ကျယ်ပြန့်လာပြီး အနည်းဆုံး စပ်ယှက်ခြင်း သုံးမျိုး အထိ သက်ရောက်သည်။ ၎င်းစပ်ယှက်ခြင်း သုံးမျိုး မှာ ယောနိတွင်း စပ်ယှက်ခြင်း၊ ပါးစပ်ဖြင့် စပ်ယှက်ခြင်း နှင့် စအိုဖြင့် စပ်ယှက်ခြင်း ဟူ၍ ရှိသည်။
လူမှလွဲ၍ အခြား သတ္တဝါတို့၏ စပ်ယှက်ခြင်းမှာ အဓိကအားဖြင့် မျိုးပွားရန် အတွက်သာ ဖြစ်ပြီး မျိုးဥလာချိန်တွင်သာ ပြုလုပ်သည်။ သို့သော် လူဝံ၊ လင်းပိုင် နှင့် ချင်ပင်ဇီမျောက် တို့သည် မျိုးဥလာချိန် မဟုတ်ပဲ စပ်ယှက်တက်ပြီး တခါတရံ လိင်တူပါ ဆက်ဆံခြင်း ပြုသည်။ အထက်ဖော်ပြပါ အပြုအမူ တို့မှာ သာယာမှု ထက်ပိုလွန်သော ရည်ရွယ်ချက်ရှိပြီး လူမှုရေး ခိုင်မာရန် ဖြစ်သည်။