လာဟိုး ခံတပ်
From Wikipedia, the free encyclopedia
လာဟိုး ခံတပ် သည် ပါကစ္စတန်နိုင်ငံ၊ လာဟိုးမြို့ ရှိ ရဲတိုက်တစ်ခု ဖြစ်သည်။ [1] ထိုခံတပ်သည် လာဟိုး တံတိုင်းမြို့၏ မြောက်ဘက်ဆုံးတွင် တည်ရှိပြီး ဧရိယာ ဟက်တာ ၂၀ ကျော်မျှ ဖြန့်ကျက် တည်ရှိသည်။ [2] ထိုခံတပ် အတွင်း အထိမ်းအမှတ် အဆောက်အဦး ၂၁ ခုမျှ ရှိပြီး အချို့မှာ အက္ကဘာ ဘုရင် လက်ထက်ကတည်းက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ လာဟိုးခံတပ်အား မဂိုအင်ပါယာ အလွန်ကြီးကျယ် အခမ်းနားဆုံး ဖြစ်နေချိန်နှင့် အကြွယ်ဝဆုံး ဖြစ်နေချိန် [3] ၁၇ ရာစု အတွင်း တစ်ခုလုံးနီးပါးကို ပြန်လည် တည်ဆောက်ခဲ့သဖြင့် လူသိများထင်ရှားသည် [4]
အချက်တိုများ လာဟိုး ခံတပ်နှင့် ရှာလမာ ဥယျာဉ်များ*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
လာဟိုး ခံတပ်နှင့် ရှာလမာ ဥယျာဉ်များ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ပါကစ္စတန် |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | i, ii,iii |
ကိုးကား | ၁၇၁ |
ဒေသ** | အာရှ-ပစိဖိတ် |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၁ (ပဉ္စမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ပိတ်ရန်