From Wikipedia, the free encyclopedia
လန်းစ်အန်း [1] သည် အင်္ဂလန်နိုင်ငံ ၊ အနောက်ပိုင်း ကွန်းဝေါလ်စ်ရှိ ပန်းဝစ်ကျွန်းဆွယ်တွင် တည်ရှိသော အငူစွန်းတစ်ခု နှင့် ကမ္ဘာလှည့်ခရီးသွားများနှင့် အားလပ်ရက် အပန်းဖြေသူများ လည်ပတ်ရာ နေရာ တစ်ခု ဖြစ်သည်။ ပင်န်ဇန့်မြို့ ၏ အနောက်ဘက်နှင့် အနောက်တောင်ဘက်ကြား ၈ မိုင် (၁၃ ကီလိုမီတာ) အကွာ A30 လမ်း ၏ အနောက်ဘက်အဆုံးတွင် တည်ရှိသည်။ ၎င်း၏ အရှေ့ဘက်တွင် အင်္ဂလိပ်ရေလက်ကြား နှင့် အနောက်ဘက်တွင် ဆဲလ်တစ်ပင်လယ် ရှိသည်။
လန်းစ်အန်း သည် အင်္ဂလန်ပြည်မကြီး၏ အနောက်ဘက် အကျဆုံး နေရာဖြစ်သည်။ [2] သို့ရာတွင် ဂရိတ်ဗြိတိန်ကျွန်း ၏ အနောက်ဘက် အကျဆုံး နေရာ မဟုတ်ပေ။ ဂရိတ်ဗြိတိန်ကျွန်း၏ အနောက်ဘက် အကျဆုံး နေရာမှာ စကော့တလန်ကုန်းမြင့် ကော်ရာချတ် မိုးရ် ဖြစ်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.