![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/f9/Nail_polish_drop.jpg/640px-Nail_polish_drop.jpg&w=640&q=50)
လက်သည်းနီ
လက်သည်း၊ ခြေသည်းများတွင် အသုံးပြုသော အရာ / From Wikipedia, the free encyclopedia
လက်သည်းနီ သည် ဆိုးဆေးအရည်တစ်မျိုး ဖြစ်သည်။ လက်သည်းနီကို အသုံးပြုကာ လူတို့၏ လက်သည်း၊ ခြေသည်းများတွင် အလှဆင်လိမ်းခြယ်ကြသည်။ ၎င်းသည် ခြေသည်း၊ လက်သည်းခွံများကိုလည်း အကာအကွယ်ပေးနိုင်သည်။ လက်သည်းနီများထုတ်လုပ်ရာတွင် အထပ်ထပ်အကြိမ်အကြိမ် စစ်ဆေးမြှင့်တင်မှုများ ပြုလုပ်ကြသည်။ လက်သည်းနီများ၏ အလှအပခြယ်သနိုင်မှုများကို မြှင့်တင်နိုင်ရန် ဖြစ်သည်။ လက်သည်းနီတွင် အော်ဂဲနစ်ပေါ်လီမာ (organic polymer) ဒြပ်ပေါင်းတစ်ခုနှင့် အမျိုးအစားပေါ်မူတည်ကာ အခြားသော ပါဝင်ပစ္စည်းများစွာလည်း ပါဝင်သည်။[1]
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/f/f9/Nail_polish_drop.jpg/640px-Nail_polish_drop.jpg)