ရှမ်းရိုးမ
From Wikipedia, the free encyclopedia
ရှမ်းရိုးမ (ရှမ်းတောင်တန်းဟုလည်း သိကြသည်။) သည် ယူနန်ပြည်နယ်နှင့် မြန်မာနိုင်ငံတစ်လျှောက် သွယ်တန်းတည်ရှိနေသည့် တောင်တန်းတစ်ခု ဖြစ်သည်။ ထိုဒေသတစ်ခုလုံးသည် များစွာသော တောင်တို့ဖြင့် ပြည့်နှက်နေပြီး သေးငယ်သည့် လွင်ပြင်ငယ်ကလေးများသည် ထိုတောင်များကို ခြားနားထားကြသည်။
အချက်တိုများ ရှမ်းတောင်တန်း, အမြင့်ဆုံးအမှတ် ...
ရှမ်းတောင်တန်း | |
---|---|
ရှမ်းရိုးမ | |
ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းတောင်တန်းများမြင်ကွင်း | |
အမြင့်ဆုံးအမှတ် | |
တောင်ထွတ် | လွိုင်လန်းတောင် |
အမြင့် | ၂,၆၇၃ m (၈,၇၇၀ ft) |
ကိုဩဒိနိတ် | 22°39′N 98°4′E |
အတိုင်းအတာများ | |
အလျား | ၅၆၀ km (၃၅၀ mi) N/S |
အကျယ် | ၃၃၀ km (၂၁၀ mi) E/W |
ပထဝီဝင် | |
နိုင်ငံများ | မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ |
ဒေသ | အရှေ့တောင်အာရှ |
တောင်တန်း ကိုဩဒိနိတ် | 21°30′N 98°00′E |
ပင်မတောင်တန်း | Indo-Malayan System |
ဘူမိဗေဒ | |
ကျောက်သားအမျိုးအစား | ဂရင်းနိုက်၊ ထုံးကျောက် |
ပိတ်ရန်
အမြင့်ဆုံးနေရာမှာ လွိုင်လန်းတောင် တောင်ဖြစ်ပြီး အမြင့်မှာ ၂၆၇၃ မီတာ ရှိသည်။[1] အခြားသောတောင်များမှာ ၂၅၆၅ မီတာအမြင့်ရှိသည့် မွန့်လင့်ရှန်းတောင်၊ [2] ၂၅၆၅ မီတာမြင့်သည့် ဒိုင်အင်သနွန် (Doi Inthanon) နှင့် ၂၅၆၃ မီတာမြင့်သည့် လွိုင်ပန့်နာအို (Loi Pangnao) တို့ ဖြစ်ကြသည်။ တောင်များအားလုံးသည် အရှေ့တောင်အာရှရှိ မြင့်မားသော တောင်ထိပ်ဖျားရှိသည့် တောင်များတွင် ပါဝင်သည်။[3]