ရှန်ဂရီလာ
ရှန်ဂရီလာ သိုမဟုတ် ရှမ်ဘဲလား / From Wikipedia, the free encyclopedia
ရှန်ဂရီလာ (သို့) ရှန်ဘဲလားသည် တိဗက် ခွန်းလွန်(Kunlun) တောင်တန်းများရှိ စိတ်ကူးယဉ် နယ်မြေတစ်ခုဖြစ်ပြီး ၁၉၃၃ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် ဗြိတိသျှစာရေးဆရာ ဂျိမ်းစ်ဟီလ်တန် (James Hilton)၏ ဝတ္တုရှည် The Lost Horizon တွင် ဖော်ပြပါရှိခဲ့သည့် နေရာဒေသဖြစ်သည်။[1]ထိုဝတ္တုအား စာရေးဆရာကြီး မောင်ထွန်းသူက ရှန်ဂရီလာ နာမည်ဖြင့်ပင် မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ၏။ ရှန်ဘဲလားဟူသော အမည်အား ဆရာမင်းသိင်္ခရေးသည့် မဟာမြိုင်ခရီးသည်နှင့် စနေမောင်မောင် ဝတ္တုများတွင် တွေနိုင်သည်။
ရှန်ဂရီလာသည် နှစ်လိုဖွယ်ရှိသော တောင်ကြားနေရာ၌ရှိသည် ဘာသာရေးအရ အေးချမ်းသော ဒေသ၊ လားမားဗုဒ္ဓဘာသာ၏ သိမ်မွေ့သော အဆုံးအမအောက်တွင် တည်ရှိသော ဟိမဝန္တာတောင်တန်းရှိ (Kunlun) ခွန်းလွန်တောင်တန်းများ၏ အနောက်ပိုင်းအဆုံးတွင် ရှိသည့်ဒေသဟု ပြောကြသည်။ ရှန်ဂရီလာ ရှိသောဒေသ နှင့်ပတ်သတ်၍ သံတူကြောင်းကွဲ နေရာများစွာ ရှိသော်လည်း တူညီသည့် အချက်များမှာ ဟိမဝန္တာတောင်တန်း တစ်နေရာတွင်ရှိခြင်း၊ အေးချမ်းပျော်ရွှင်ဖွယ်ကောင်းသော ဒေသဖြစ်ခြင်း၊ ပြင်ပကမ္ဘာနှင့် အဆက်အသွယ်မရှိခြင်း စသည်တို့ဖြစ်၏။ The Lost Horizon ဝတ္တုပါ အကြောင်းအရာများအရ ရှန်ဂရီလာ ဒေသမှလူများသည် ဉာဏ်ပညာ အလွန်ကြီးမားကြပြီး၊ သာမန် လူ့သက်တမ်းထက် ပိုမိုရှည်လျားစွာ နေထိုင်နိုင်ကြသည်ဟု ဖော်ပြထားသည်။ ရှန်ဂရီလာ ဟူသော နာမည်သည် အေ့ရှတိုင်း၏စိတ်ကူးယဉ် စွဲမက်ဖွယ်ဒေသကိုအမှတ်ရစရာ စကားလုံးဖြစ်လာခဲပြီ။ ရှန်ဂရီလာ၏ ပုံပြင်သည် တိဗက်ဗုဒ္ဓဘာသာ ရှေးဟောင်းမြို့တော် ရှန်ဘဲလား မှ ဆင်းသက်လာသည့် အယူအဆ တစ်ရပ်လည်းဖြစ်လေသည်။