From Wikipedia, the free encyclopedia
ရော်နယ်လ် အန်တိုနီယို အို ဆူလစ်ဗန် (အင်္ဂလိပ်: Ronald Antonio O'Sullivan; ၅ ဒီဇင်ဘာ ၁၉၇၅ မွေးဖွား[1][2]) သည် အင်္ဂလိပ်လူမျိုး ကမ္ဘာ့ထိပ်တန်းစနူကာအားကစားသမားတစ်ယောက်ဖြစ်ကာ စနူကာလောကတွင် အအောင်မြင်ဆုံးကစားသမားများအနက်တစ်ဦးဖြစ်လေသည်။ ၁၉၉၂ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကိုကူးပြောင်းခဲ့သည်မှစ၍ ကမ္ဘာ့ချန်ပီယံ ၆ ကြိမ်(World Championship)၊ မာစတာချန်ပီယံ ၇ ကြိမ် (Masters titles)၊ ယူကေချန်ပီယံ ၇ ကြိမ် (UK Championships)ဖြင့် စုစုပေါင်း သုံးထပ်ကွမ်းသရဖူပြိုင်ပွဲ (Triple Crown) များတွင် (၂၀) ဆုအထိရရှိထားသော ကစားသမားလည်းဖြစ်သည်။[2][4] ဆုအများဆုံး (၃၇) ဆု ယူနိုင်ခဲ့သော စံချိန်ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။ ယူကေချန်ပီယံ နှင့် မာစတာပြိုင်ပွဲတွင် အသက်ငယ်ဆုံးအနေဖြင့် ရရှိသောကစားသမားစံချိန်ကိုလည်းပိုင်ဆိုင်ထား၏ ။ ၂၀၁၇-၁၈ ရာသီ၌ ဟန်ဒရီ၊ မာ့ခ် ဆဲလ်ဘီ၊ ဒင် ဂျွန်ဝေးတို့နှင့်အတူ တစ်ရာသီထဲတွင် အဆင့်သတ်မှတ်သော ပြိုင်ပွဲအရပ်ရပ်၌ ဆု (၅) ခုအထိရယူနိုင်သော စံချိန်ပိုင်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ထားနိုင်၏ ။ ပြိုင်ပွဲ အရပ်ရပ်မှရရှိသော ဆုကြေးငွေ ပေါင်(၁၁) သန်းကျော်မှာ စနူကာသမိုင်းတွင် တစ်ခြားသောကစားသူများ မရရှိဖူးသော အမြင့်ဆုံးပမာဏလည်းဖြစ်ပေသည်။[5]
ဂျာမန်မာစတာ ၂၀၁၅ တွင် တွေ့ရသော ရောနီ အို ဆူလစ်ဗန် | |
မွေးဖွား | Wordsley, West Midlands, အင်္ဂလန်[1] | ၅ ဒီဇင်ဘာ၊ ၁၉၇၅
---|---|
ကိုယ်စားပြု နိုင်ငံ | အင်္ဂလန် |
အမည်ပြောင် | The Rocket[2] |
သက်မွေးဝမ်းကျောင်း (အဆင့်မြင့်) | ၁၉၉၂– |
အမြင့်ဆုံး အဆင့် | အဆင့် (၁) (၂၀၀၂ မေ–၂၀၀၃ မေ၊ ၂၀၀၄ မေ–၂၀၀၆ မေ၊ ၂၀၀၈ မေ–၂၀၁၀ မေ, ၂၀၁၉ မတ်-ဩဂုတ်) |
ကစားသမားဘဝ အောင်မြင်မှုများ | £ ၁၁,၆၆၅,၁၅၅ |
အမြင့်ဆုံး တစ်ချီတည်းအမှတ်ယူနိုင်မှု | ၁၄၇ (၁၅ ကြိမ်)[3] |
အမှတ် (၁၀၀) (သို့) အထက် | ၁,၁၀၇ |
Tournament wins | |
အဆင့်သတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၃၇ |
Minor-ranking | ၃ |
အဆင့်မသတ်မှတ်ပွဲစဉ် နိုင်ပွဲ | ၃၄ |
ကမ္ဘာ့ချန်ပီယံ |
|
တစ်ချီတည်းဖြင့် အမှတ်ရာချီထိုးနိုင်သူ ရော်နီ အို ဆူလစ်ဗန်သည် 'အမှတ်ရာချီထိုးနိုင်မှု' အကြိမ်အရေအတွက် (၁၀၀၀) သို့ရောက်ရှိခဲ့သော တစ်ဦးတည်းသော ကစားသမားလည်းဖြစ်သည်။[6] စနူကာတွင် သတ်မှတ်အမြင့်ဆုံးအမှတ် (၁၄၇)မှတ် (maximum breaks)ကို တရားဝင်ပြိုင်ပွဲများမှ အများဆုံးရယူနိင်ခဲ့သလို ၁၉၉၇ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် (၁၄၇)မှတ်ကို ၅ မိနစ် ၈ စက္ကန့်ဖြင့်ကမ္ဘာ့အမြန်ဆုံးထိုးနိင်သူအဖြစ်လည်းမှတ်တမ်းတင်ထားနိုင်၏။[7][8] ကမ္ဘာ့အဆင့်နံပါတ်တစ် နေရာကို ၂၀၀၂-၀၃ တွင်စတင် ရရှိခဲ့ပြီး စုစုပေါင်း ရာသီ ၈ခု တွင် ရာသီ ၅ ခုမှာ ထို အဆင့် (၁) နေရာကို ထိန်းထားနိုင်ခဲ့သူလည်းဖြစ်ခဲ့သည်။ ၂၀၁၉ မတ်လတွင် (၉) နှစ်ကြာကွာဝေးနေသော အဆင့် (၁)နေရာကို ပြန်လည်ရယူနိုင်ခဲ့သည်။ ကမ္ဘာ့နံပါတ်(၁)အဖြစ် ရယူနိုင်စွမ်းရှိသော ကာလ တစ်ခုနှင့်တစ်ခုကြား ထို (၉) နှစ်သည်အကြာဆုံး အချိန်ကာလလည်းဖြစ်ကာ ဩဂုတ်လအထိ ထိုနေရာကို ထိန်းထားနိင်ခဲ့သည်။
အို ဆူလစ်ဗန် မှာ စနူကာလောက၌ အငြင်းပွားဖွယ်ကောင်းသော ကစားသမားလည်း မကြာခဏဆိုသလိုဖြစ်ခဲ့၏။ ၎င်း၏ ခန့်မှန်းမရနိုင်သော စိတ်အခြေနေ၊ အရက်၊ ဆေး၊ စိတ်ကျရောဂါတို့ကို ရုန်းကန်နေခဲ့ရသောအခြေအနေများကြောင့် ၎င်း၏ အပြုမူပိုင်း၊ မှတ်ချက်ပြုပြောဆိုမှုများအပေါ်တွင် ထိုအားကစားတာဝန်ရှိသူများမှ သတိပေးခြင်း၊ တားမြစ်ခြင်းတို့ကိုလည်း အကြိမ်များများခံခဲ့ရသည်။[9] ၂၀၁၂-၁၃တွင် အချိန်အတော်ကြာအနားယူခဲ့ပြီး အနားယူတော့မည်ဟု ထပ်တလဲလဲ ပြောဆိုမှုများလည်းရှိခဲ့သည်။[10] အားကစားပြင်ပတွင် ယူရိုစပေါ့တ် ( Eurosport) မီဒီယာ၌ စနူကာသတင်းများအတွက် ကျွမ်းကျင်သူအဖြစ်လည်းလုပ်ကိုင်သည်။ မှုခင်းဝတ္ထုများ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိများလည်း ရေးသားသည်။ ရော်နီ အို ဆူလစ်ဗန်၏ အမေရိက ပျားပန်းခပ် ကျူရုံများ ( ပူးလ်အားကစား သို့ နံပါတ်ဘော) ရှာဖွေလေ့လာခြင်း တီဗီစီးရီးတွင်ပါဝင် တင်ဆက်ခဲ့သေးသည်။ ၂၀၁၆ နှစ်သစ်ဂုဏ်ပြုပွဲတွင် OBE ဘွဲ့အပ်နှင်းခံရသည်။
အခြားသောရရှိသော ဆုများမှာ ဝေလအလွတ်တန်းပြိုင်ပွဲ (၄)ဆု၊ ရှန်ဟိုင်းမာစတာ (၄)ခု၊ ချန်ပီယံများ၏ ချန်ပီယံဆု (၃)ခု၊ တရုတ်အလွတ်တန်းပြိုင်ပွဲ (၂)ဆုနှင့် တစ်ချီတည်းဖြင်း အမြင့်ဆုံးအမှတ် (၁၄၇)မှတ်ကို (၁၅)ကြိမ်မြောက်ရရှိစံချိန်ယူထားသောသူလည်းဖြစ်သည်။
ကစားသည့်ပုံစံမှာ လျင်မြန်စွာ အတိုက်ဖက်ကို အားသာသည်။ အမှတ်ရာကျော်ကို အများအပြား အလှည့်မပေးပဲ ထိုးနိုင်စွမ်းရှိ၍ နည်းစနစ်ပိုင်းခိုင်ခံ့သောသူလည်းဖြစ်သည်။ အချိန်ကြာမြင့်စွာ ကစားရခြင်းကို မုန်းတီး၍ အချိန်ကြာကြာကစားခြင်းသည် စနူကာအားကစားကို ဖျက်ဆီးသည် ဟုဆိုသည်။[12] စနူကာအသိုင်းအဝိုင်းမှ ကစားသမားများက သူသည် ရှေ့ကအသာစီးဖြင့်ကောင်းစွာ ကစားတတ်သူဟု သတ်မှတ်ထားကြ၏။[13] ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ရော်နီသည် နောက်က လိုက်ကစားရလျှင် စိတ်ဓာတ် ပြိုလဲတတ်ကာ ပွဲစဉ်ငယ်တချို့ပါ ဆက်တိုက်ရှုံးတတ်၏။[14] ညာလက်သုံးကစားသူဖြစ်ရုံမျှမက လိုအပ်လျှင် ဘယ်လက်ကိုပါ အဆင့်မြင့်မားစွာ အသုံးပြုနိုင်စွမ်းရှိသည်။ ဘယ်ညာ နှစ်ဘက်လုံး ကောင်းစွာကစားနိုင်မှုကြောင့် rest နှင့် spider ဟုခေါ်သည့် ပစ္စည်းများအသုံးပြုထိုးရခြင်းကို အတော်အသင့်ရှောင်ရှားနိုင်ခဲ့သည်။[15]
စနူကာသမိုင်းတလျှောက်တွင် အများက သူ့ကို ပင်ကိုပါရမီအရှိဆုံးကစားသမားအဖြစ်သမုတ်၍ တချို့ကမူ ကဝေ (genius) တစ်ယောက်အဖြစ်တင်စားခေါ်ဝေါ်ကြသည်။[16][17] သူ့ခေတ်ပြိုင်ဘက်အတော်များများက အကြီးကြယ်ဆုံးကစားသမားဟု လည်း ကင်ပွန်းတတ်ကြသည်။[18][19][20][21][22] သို့သော် ၎င်း၏ ရံဖန်ရံခါ စိတ်အခြေမတည်ငြိမ်မှုများက ပြိုင်ပွဲအပေါ် ယုံကြည်မှု စိတ်ပါမှုလျှော့ကျစေကာ စွမ်းဆောင်ရည်ပါ ဖရိုဖရဲဖြစ်စေခဲ့သည့် သာဓကများလည်းရှိသည်။[23] စတီးဗန် ဟန်ဒရီ ကလည်း ၂၀၀၈ ကမ္ဘာ့ချန်ပီယံတွင် ရှုံးနိမ့်ပြီးနောက် ရော်နီသည် လိုက်မမီနိုင်လောက်တဲ့ အကောင်းဆုံးကစားသမားဟု ထုတ်ဖော်ပြောဆိုခဲ့သည်။[24] ပြိုင်ပွဲများတွင် ရေပန်းအစားဆုံးသူဖြစ်ရုံသာမကပဲ ပွဲကြည့်ပရိသတ်ကို ဖျော်ဖြေမှုရသ အပေးနိုင်ဆုံးသော သူလည်းဖြစ်ကာ ဤအားကစား၏ ပုံရိပ်ကိုပါ မြင့်တင်ပေးနိုင်ခဲ့သည်။[25] အဲလက်စ် ဟစ်ဂင်စ်၊ ဂျင်မီ ဝိုက် တို့သည်လည်း ပါရမီစွမ်းရှိ၍ ရေပန်းစားသောသူများဖြစ်ခဲ့ကြသောကြောင့် ရော်နီကို တခါတရံ ၎င်းတို့နှင့်လည်းနှိုင်းယှဉ်ကြသည်။ ၎င်း၏ အစစ်အမှန် လူမှုကွန်ယက် သုံးခုမှာ Twitter, Sina Weibo, and Instagram တို့ဖြစ်ကြ၏။
ရော်နီကို ၁၉၇၅ ဒီဇင်ဘာ (၅) ရက်၌ ဝက်စ်မစ်ဒ်လန်း (West Midlands) ဝါ့ဒ်စလေ (Wordsley)၌ မွေးဖွားခဲ့၏။[23] မိဘများမှာ ရော်နယ်လ် ဂျွန် အို ဆူလစ်ဗန် နှင့် မာရီယာ အို ဆူလစ်ဗန်တို့ဖြစ်ကာ ဖခင်ဖြစ်သူမှာ လူသတ်မှုဖြင့် ၁၉၉၂ တွင် အကျဉ်းကျခဲ့ရာ ၁၈နှစ်ကြာမှ ပြန်လည်လွတ်မြောက်လာခဲ့သည်။[26] ရော်နီတွင် သားသမီး သုံးဦးထွန်းကားသည်။[27] ဇီဇာကြောင်၍ ကိုယ့်ကိုကိုယ် အပြစ်ပြန်မြင်သောသူ ဖြစ်၏။[28][29] အစောပိုင်း ကစားသောနှစ်များတွင် အရက်၊ ဆေးဝါးများနှင့်ပတ်သတ်သော ပြဿနာများရှိ၍ စိတ်ကျရောဂါကဲ့သို့သော ဝေဒနာများခံစားခဲ့ရ၏။[30] ၂၀၁၁ တွင်းအားကစားဆိုင်ရာ စိတ်ပညာရှင် စတိဗ် ပီတာစ်နှင့်ကုသခဲ့ရပြီး စတိဗ်အကူအညီဖြင့် စိတ်ကယောက်ကယက်ဖြစ်မှုများကို ကျော်လွှားနိုင်ခဲ့သည်။[31][32] အားကစားလောကမှ အနားယူမည်ဟု ထပ်ခါတလဲလဲ ပြောဆိုမှုများကြောင့်[33] နာမည်ကြီးခဲ့ကာ ၂၀၁၂-၁၃ ရာသီတွင် ဝက်ခြံတစ်ခြံ၌လည်းလုပ်ကိုင်ခဲ့သည်။[34]
၂၀၀၃ တွင် ရော်နီ အစ္စလာမ်ဘာသာသို့ကူးမည်ဟု သတင်းပေါ်ထွက်သော်လည်း နောက်ပိုင်းတွင် ထိုသတင်းမှာ အမှားကြီးသာဖြစ်ခဲ့၏။[35][36][37][38] ဗုဒ္ဓဘာသာအပေါ်တွင် စိတ်ဝင်စားမှု ရှိခဲ့၍[39] လန်ဒန်ဗုဒ္ဓဘာသာစင်တာတွင် နေ့ခင်းပေါင်းများစွာ ကုန်ဆုံးခဲ့သည်။ သို့သော် သူသည် မည်သည့်ဘာသာကိုမျှ ခိုင်မြဲစွာ ကိုးကွယ်နှစ်မြုပ်မည်မဟုတ်ဟူ ငြင်းဆိုခဲ့သည်။[40]
ဘောလုံးအားကစားနှစ်ခြိုက်သူဖြစ်၍ အာဆင်နယ်အသင်းကို အားပေးသူဖြစ်သည်။[41] နောက်ဝါသနာတစ်ရပ်မှာ မော်တော်ကားပြိုင်ပွဲများပင်ဖြစ်သည်။ စိတ်လိုလက်ရပြေးခြင်းကို ခုံမင်ကာ အချက်အပြုတ်ကိုလည်းနှစ်ခြိုက်သောသူဖြစ်၏။ လေဘာပါတီဝင်ဖြစ်၍ ဂျရမီးကော်ဘင်ကို ၂၀၁၇ ရွေးကောက်ပွဲတွင် နာမည်ကျော်ကြား ထောက်ခံသူများအနက် ပထမဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့၏။[42]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.