From Wikipedia, the free encyclopedia
ရတနာပုံခေတ် ဆိုသည်မှာ မင်းတုန်းမင်းတရားသည် ၁၇-ရက်၊ ဖေဖော်ဝါရီလ၊ ၁၈၅၃-ခုနှစ်တွင် နောင်တော် ပုဂံမင်းထံမှ ထီးနန်းလွှဲပြောင်း ရယူကာ နန်းတက်ခဲ့၏။ ထိုစဉ်က မင်းတုန်းမင်း ထီးနန်းစိုးစံရာ နေပြည်တော်မှာ အမရပူရဖြစ်သည်။ မင်းတုန်းမင်းသည် အမရပူရ၌ ထီးနန်းစိုးစံစဉ် အတွင်း မန္တလေးမြို့သစ်ကို တည်ခဲ့ခြင်း ဖြစ်၏။ ပထမဦးစွာ မြနန်းစံကျော် ရွှေနန်းတော်ကြီးနှင့် လေးကျွန်းအောင်မြေ နန်းမြို့တော် တို့ကို တည်ဆောက်ခဲ့သည်။ ထို့နောက် ၂၈-ရက်၊ ဧပြီလ၊ ၁၈၅၇-ခုနှစ်တွင် ရတနာပုံမြို့တော်ကို တည်ဆောက်ရန် မိန့်တော် ထုတ်ပြန်ခဲ့သည်။ ဤသို့ဖြင့် မြန်မာ့သမိုင်းစာမျက်နှာတွင် ရတနာပုံခေတ် ပေါ်ပေါက်လာခဲ့သည်။ [1]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.