ရက်ထပ်နှစ်
အပိုဆောင်းနေ့ပါသောပြက္ခဒိန်နှစ် / From Wikipedia, the free encyclopedia
ရက်ထပ်နှစ် ဆိုသည်မှာ ရာသီနှင့် ရာသီခွင်တို့ကို ပြက္ခဒိန်နှစ်နှင့် ကိုက်ညီမှုစေရန်အတွက် ရက်တစ်ရက် ထပ်ပေါင်းထည့်ပေးထားသော နှစ်ကို ဆိုလိုသည်။[1]
ဥပမာအားဖြင့် ဂရီဂေါရီးယန်းပြက္ခဒိန်တွင် ရက်ထပ်နှစ်တိုင်းတွင် ဖေဖော်ဝါရီလကို ၂၈ ရက်မှာ ၂၉ ရက်သို့ ထပ်တိုးပြီး ပုံမှန် ၃၆၅ ရက် အစား ၃၆၆ ရက်ဖြင့် အဆုံးသတ်လေ့ရှိသည်။ ထို့အတူပင် လကိုမူတည်၍ တွက်သော ဟီးဘရူးပြက္ခဒိန်တွင်လည်း ပြောင်းလဲသွားသော ရာသီများကို ကိုက်ညီစေရန်အတွက် ၁၉ နှစ်မြောက်တိုင်း ပုံမှန် ၁၂ လ မှ နောက်ထပ် ၁ လ ထပ်ပေါင်း၍ ၁၃ လ အဖြစ် ယူလေ့ရှိသည်။
ရက်ထပ်နှစ်ဟူသော ဝေါဟာရသည် ဂရီဂေါရီးယန်းပြက္ခဒိန် ချိန်ညှိရာမှ ဖြစ်ပေါ်လာသော စကားလုံးဖြစ်သည်။ ပုံမှန်အားဖြင့် ရက်သတ္တပါတ်တစ်ခုရှိ ရက်တစ်ရက်သည် နောင်တစ်နှစ်တွင် ရှေ့သို့ တစ်ရက်တိုးသွားလေ့ရှိပြီး ရက်ထပ်နှစ်တွင် ၂ ရက်ရှေ့သို့ တိုးသွားရာ ထို့တိုးသွားသော ရက်ကို ဖေဖော်ဝါရီလ အဆုံးတွင် ထပ်တိုးထည့်ခြင်းဖြင့် ဖြေရှင်းခဲ့ရာ ထိုအဖြစ်ကို တိုးသွားသော (သို့) ခုန်သွားသော ရက်ပါသော နှစ်ဟု ဆိုလိုခြင်းဖြစ်သည်။ ဥပမာအားဖြင့် ခရစ်စမတ်နေ့သည် ၂၀၀၁ ခုနှစ် အင်္ဂါနေ့တွင်ကျရောက်ပြီး ၂၀၀၂ ခုနှစ်တွင် ဗုဒ္ဓဟူးနေ့၊ ၂၀၀၃ ခုနှစ်တွင် ကြာသပတေးနေ့တွင် ကျရောက်သည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် ရက်တစ်ရက် ခုန်ကျော်သွားသဖြင့် စနေ့နေမှသာ ခရစ်စမတ်ကျတော့သည်။[2]