"မှော်ဘီ"ကို ဤနေရာသို့ ညွှန်းသည်။ မှော်ဘီခရိုင်အတွက် မှော်ဘီ (သံတူကြောင်းကွဲ)ကို ကြည့်ပါ။

မှော်ဘီမြို့ (အင်္ဂလိပ်: Hmawbi)သည် ရန်ကုန်တိုင်းဒေသကြီးတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ မွန်လူမျိုးတို့၏ ဟံသာဝတီခေတ် ပုဏ္ဏရိကမင်းက တည်ထောင်ခဲ့သော မြို့ဖြစ်ပြီး ဟံသာဝတီ ၃၂ မြို့တွင် အပါအဝင်ဖြစ်သော မြို့တစ်မြို့ဖြစ်သည်။ မွန်ဘာသာအရ မုဟ်ဗဳ ဟုခေါ်တွင်ပြီး မုဟ် - ထောင့်/ကွေ့၊ ဗဳ - ပင်လယ်၊ ပင်လယ်ကွေ့ဟု အဓိပ္ပာယ်ရသည်။[1]

အချက်တိုများ မှော်ဘီ, မှော်ဘီမြို့ ...
မှော်ဘီ
"မြို့"
မှော်ဘီမြို့
မှော်ဘီ
မှော်ဘီ
Thumb
မှော်ဘီ
မှော်ဘီ
မြန်မာနိုင်ငံတွင်း တည်နေရာပြမြေပုံ
ကိုဩဒိနိတ်: 17.10000°N 96.03000°E / 17.10000; 96.03000
နိုင်ငံ မြန်မာ
တိုင်းဒေသကြီး ရန်ကုန်
ခရိုင်မှော်ဘီခရိုင်
မြို့နယ်မှော်ဘီ
ဧရိယာ
  စုစုပေါင်း၄၇ စတုရန်းကီလိုမီတာ (၁၈ စတုရန်းမိုင်)
လူဦးရေ (၂၀၁၄)၂၄၄,၆၀၇
အချိန်ဇုန်မြန်မာစံတော်ချိန် (UTC+၆:၃၀)
ဧရိယာကုဒ်၀၁
ISO 3166 ကုဒ်HBI
မှော်ဘီ
ပိတ်ရန်

မှော်ဘီမြို့သည် ယခင်က အင်းစိန်ခရိုင်အတွင်း၌ ပါဝင်ကာ ရန်ကုန်မှ မီးရထားလမ်းအားဖြင့် ၂၅ မိုင်ကွာဝေး၍ ရန်ကုန် - ပြည် မော်တော်ကားလမ်းအားဖြင့် ၃၁ မိုင် ဝေးသော မြို့ကလေးဖြစ်သည်။ စိုက်ပျိုးရေးဌာနမှ စံပြဥယျာဉ်ရှိ၍ ကောက်ပဲသီးနှံ အမျိုးမျိုးကို စမ်းသပ်စိုက်ပျိုးသည့်နည်းမျိုးစုံသဖြင့် စိတ်ပါဝင်စားသူများ သွားရောက်ကြည့်ကြသည်။ နိုင်ငံသမိုင်းတွင် များစွာ မထင်ရှားလှသော်လည်း မြန်မာပညာရှိတစ်ဦးဖြစ်သော မှော်ဘီဆရာသိန်းကြီး၏ နေရပ်ဖြစ်ခဲ့သဖြင့် လူသိများသော မြို့ကလေးလည်း ဖြစ်သည်။[2]

သို့သော် ၁၉၆၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ အစပြု၍ အင်းစိန်ခရိုင်ကို မှော်ဘီခရိုင်ဟု ပြောင်းလဲခေါ်ဝေါ်သတ်မှတ်လိုက်၍ မှော်ဘီမြို့ကိုလည်း ခရိုင်ဝန်ရုံးစိုက်မြို့အဖြစ် သတ်မှတ်လိုက်လေသည်။ လူဦးရေမှာ ၁၉၅၃-ခုနှစ် သန်းခေါင် စာရင်းအရ (၅၇၃၂)ယောက်ဖြစ်သည်။ ၂၀၁၆ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ (၂၄၉၈၂၉)ကျော်ခန့်နေထိုင်ကြောင်းသိရသည်။

မှော်ဘီမြို့နယ်တွင် အခြခံပညာမူလတန်းကျောင်း (၂၁)ကျောင်း၊ အခြေခံအလယ်တန်းကျောင်း(၁၂)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း ရှိသည်။ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်အနေဖြင့် နည်းပညာတက္ကသိုလ်မှော်ဘီ ရှိသည်။ မှော်ဘီမြို့နယ်လက်ရွေးစင်ဘောလုံးအသင်းသည် ၂၀၁၆-ခုနှစ် တွင်ကျင်းပသော ရန်ကုန်တိုင်းဒေသကြီးမြို့နယ်ပေါင်းစုံ ဝန်ကြီးချုပ်ဖလားတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပထမဆု ရခဲ့သည်။

မှော်ဘီမြို့နယ်ရှိ မှော်ဘီမြို့မဈေးသည် အလွန်စည်ကားလှသည်။ ထင်ရှားသောစေတီပုထိုးများမှာ ရွှေမော်တင်စေတီတော်ကျိုက်ဒေးဒလွန်စေတီတော်တို့ဖြစ်ကြပြီး သဲအင်းဂူဆရာတော်ဘုရားကြီး၏ ပဋိပတ္တိနိဿယ စတင်ပြန့်ပွားရာ သဲအင်းဂူဝိပဿနာဗဟိုဌာန၊ ဗုဒ္ဓသာသနာလုံးဆိုင်ရာ ရွှေကျင်နိကာယ သန္နိပါတ ဂိုဏ်းလုံးကျွတ်အစည်းအဝေးကြီးများ ကျင်းပရာ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒရာမကျောင်းတိုက်တို့ တည်ရှိသည်။

နယ်နမိတ်များ

လှိုင်မြစ်သည် မှော်ဘီမြို့နယ်၏ အနောက်ဘက် နယ်နမိတ်ဖြစ်ပြီး မြောက်ဘက်တွင် တိုက်ကြီးမြို့နယ်၊ အရှေ့ဘက်တွင် လှည်းကူးမြို့နယ်၊ အရှေ့တောင်ဘက်တွင် မင်္ဂလာဒုံမြို့နယ်၊ တောင်ဘက်တွင် ရွှေပြည်သာမြို့နယ်နှင့်၊ အနောက်တောင်၊ အနောက်နှင့် အနောက်မြောက်ဘက်တွင် ထန်းတပင်မြို့နယ်တို့ တည်ရှိသည်။

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.