မွန်ဘာသာစကား
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မွန်လူမျိုးတို့အသုံးပြုသည့်အရှေ့တောင် / From Wikipedia, the free encyclopedia
မွန်ဘာသာစကားသည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မွန်လူမျိုးတို့အသုံးပြုသည့်အရှေ့တောင်အာရှသုံး ဘာသာစကားတစ်ခုဖြစ်သည်။ မွန်ဘာသာစကားသည် ကမ္ဘောဒီးယား ဘာသာစကားနှင့် ဆင်တူပြီးအရှေ့တောင်အာရှ ဒေသရှိ ဘာသာစကား အများစုကဲ့သို့ အသံအနိမ့်အမြင့် အတက်အကျရှိသော ဘာသာစကားမဟုတ်ပေ။ ယနေ့ မွန်ဘာသာစကားကို လူဦးရေ တစ်သန်းနီးပါးက ပြောဆိုလျက်ရှိကြသည်။ မကြာသေးမီနှစ်များကမွန်ဘာသာစကားအသုံးပြုမှုမှာ အထူးသဖြင့် ငယ်ရွယ်သောမျိုးဆက်အတွင်း လျင်မြန်စွာကျဆင်းလျက်ရှိသည်။ မွန်မျိုးနွယ် အများစုသည် ဗမာဘာသာစကား တစ်မျိုးတည်းကိုသာ ပြောဆိုကြသည်။ မြန်မာနိုင်ငံတွင် မွန်ဘာသာစကား ပြောဆိုသူအများစုသည် မွန်ပြည်နယ်တွင် နေထိုင်ကြပြီး တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ် တို့တွင်လည်း မွန်စကားကို ပြောဆိုကြသည်။ မွန်စာပေ အရေးအသားသည် အိန္ဒိယနိုင်ငံရှိ ဗြဟ္မီအရေးအသား မှဆင်းသက်လာသည်။
အချက်တိုများ Mon, အသံထွက် ...
Mon | |
---|---|
ဘာသာ မန် | |
အသံထွက် | [pʰesa mɑn] |
ဒေသခံ | မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး |
ဒေသ | ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ နှင့် အရှေ့ပိုင်းဒေသများ |
လူမျိုးစု | မွန် |
ဒေသခံ ပြောဆိုသူများ | ၁.၄သန်း (၂၀၂၃)[1] |
ဩစထြိုအေးရှားတစ်
| |
စာအရေးအသားစနစ် | မွန်အက္ခရာ |
တရားဝင် အခြေအနေ | |
လူနည်းစု ဘာသာစကားအဖြစ် အသိအမှတ်ပြုခြင်း | |
ဘာသာစကားကုဒ်များ | |
ISO 639-3 | Either: mnw – Modern Mon omx – Old Mon |
Linguist List | omx Old Mon |
Glottolog | monn1252 Modern Mon[2]oldm1242 Old Mon[3] |
ဤဆောင်းပါးတွင် IPA အသံထွက် သင်္ကေတများ ပါဝင်သည်။ မှန်ကန်သော ထောက်ပံ့မှုမရှိပါက ယူနီကုဒ်စာလုံးများအစား ? များ၊ လေးထောင့်ကွက်များနှင့် အခြားသင်္ကေတများ မြင်နေရနိုင်သည်။ IPA သင်္ကေတများ မိတ်ဆက်ကို Help:IPA တွင် ကြည့်ပါ။ |
ပိတ်ရန်
ဝစ်ရှင်နရီ၊ အခမဲ့အဘိဓာန်တွင် ဘာသာမန် ကို ရှာဖွေကြည့်ရှုပါ။