မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာ
From Wikipedia, the free encyclopedia
မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင် အများစုမှာ တိုင်းရင်းသားလူမျိုးစုများဖြစ်သော ချင်း၊ ကရင်၊ ကချင်၊ လီဆူး၊ လားဟူ စသည်တို့ဖြစ်ကြသည်။ CIA Factbook တွင် ဖော်ပြထားချက်မှာ မြန်မာပြည်၏ လေးရာနှုန်းသော (၂ဒသမ၄သန်းခန့်) ခရစ်ယာန်လူဦးရေ ရှိသည်ဟု ဆိုသည်။ ပရိုတက်စတင့် ၃ ရာနှုန်း နှင့် ရိုမင်ကက်သလစ် ၁ ရာနှုန်း တို့ဖြစ်သည်။ အင်္ဂလိကန် Anglican Communion အရ ၂၀၀၆ တွင် အသင်းဝင် ၆၂၀၀၀ ရှိပြီး၊ နှစ်ခြင်းအသင်းတော် Myanmar Baptist Convention စာရင်းအရ ပရိုကတ်စတင့်ခရစ်ယာန်အားလုံး၏ တစ်ဝက်ခန့်မှာ နှစ်ခြင်းခရစ်ယာန်များဖြစ်သည်။ မြန်မာနှစ်ခြင်းအဖွဲ့ချုပ်မှတ်တမ်း ၂၀၀၆ အရ အသင်းသားဦးရေ ၆သိန်းကျော် 662,834 နှင့် အသင်းတော် 3905 ရှိသည်ဟု သိရသည်။ ကချင်လူမျိုးစု (ဂျိန်ဖော၊ ရဝမ်၊ လီဆူး စသည်တို့မှာ လူဦးရေမှာ ၁ သန်း၂ သိန်း ခန့်ရှိပြီး၊ ၉၀ ရာနှုန်းမှာ ခရစ်ယန်ဖြစ်သည်ဟု မှန်းဆကြသည်။ ကရင်လူမျိုးစု (စကော၊ ပိုး၊ ကယား..) တို့ လူဦးရေမှာ၂ သန်း ၂ သိန်း ခန့်မှ တစ်ဝက်ခန့်သည်လည်းကောင်း၊ ချင်းလူမျိုးစု လူဦးရေ ၈ သိန်းကျော်မှ ၈၀ ရာနှုန်းမျှသည်လည်းကောင်း ခရစ်ယာန်ဖြစ်သည်ဟု ယူဆပါက ခရစ်ယာန်စုစုပေါင်းသည် ၂ ဒသမ ၄ သန်းမက ရှိနိုင်သည်။ စနစ်တကျ စာရင်းကောက်ယူခြင်း မရှိသေးသောကြောင့် ထိုစာရင်းများမှာ ခရစ်ယာန်လူဦးရေစာရင်းမှာ ခန့်မှန်းချေဖြစ်သည်။