မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia
ဦးမြတ်ကို သည် လက်ရှိ တနင်္သာရီတိုင်းဒေသကြီး၊ဝန်ကြီးချုပ်ဖြစ်သည်။ထိုတာဝန်ကို စစ်ကောင်စီက ၂၀၂၁ ဩဂုတ်လ ၁ရက်နေ့တွင် ခန့်အပ်သည်။ [1] ၎င်းသည်ထိုတာဝန်မတိုင်မီ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။
ဦးမြတ်ကို | |
---|---|
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဩဂုတ် ၂၀၂၁ | |
သမ္မတ | ဦးမြင့်ဆွေ (ယာယီ) |
ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
ယခင်လူ | ဦးမြင့်မောင် |
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ဇန်နဝါရီ ၂၇၊ ၂၀၁၂ – မတ် ၃၀၊ ၂၀၁၆ | |
ခန့်အပ်သူ | မြန်မာနိုင်ငံ၏ သမ္မတ |
သမ္မတ | ဦးသိန်းစိန် |
ယခင်လူ | ဦးခင်ဇော် |
ဆက်ခံသူ | ဒေါ်လဲ့လဲ့မော် |
တနင်္သာရီတိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး | |
တာဝန်သက်တမ်း ၂၀၁၁ – မတ် ၃၀၊ ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂၀၁၁ – မတ် ၃၀၊ ၂၀၁၆ | |
ယခင်လူ | ရာထူးစတင် |
မဲဆန္ဒနယ် | ထားဝယ်မြို့နယ် မဲဆန္ဒနယ် ၂ |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ |
နိုင်ငံရေးပါတီ | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ |
အစိုးရအဖွဲ့ | တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ |
ဦးမြတ်ကို သည် တပ်မတော်သားဟောင်းတစ်ဦးဖြစ်သည်။ဗိုလ်မှူးအဆင့်ဖြင့် တပ်မတော်မှ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ ကူးပြောင်းလာပြီးနောက် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ကာ အဆိုပါအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဆင့်အထိ အမြင့်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည်။၎င်းသည် ထိုတာဝန်မှ အငြိမ်းစားယူပြီးသည့်နောက် ၂၀၁၀တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဝင်ရောက်သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၁၀မှ တဆင့် နိုင်ငံရေးလောကထဲဝင်ရောက်လာခဲ့သူဖြစ်သည်။[2] [3] [4]
၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။[5][6] တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့သည်။[7] ကျန်းမာရေးကြောင့် ဝန်ကြီးချုပ်ရာထူးမှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် နုတ်ထွက်ခဲ့သူ ဦးခင်ဇော်၏ နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[8]တိုင်းဝန်ကြီးချုပ်တာဝန်ကို ၂၀၁၆ မတ်လ ၃၀ရက်အထိ ထမ်းဆောင်သည်။
၎င်းသည် အထွေထွေရွေးကောက်ပွဲ ၂၀၁၅ နှင့် အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ခြင်းရှိခဲ့သော်လည်း ရွေးချယ်မခံရပေ။[9] [10]
စီမံထူးချွန်(ပထမအဆင့်) ၊ သီရိပျံချီ အစရှိသည့် ဘွဲ့များချီးမြှင့်ခံရသည်။ [11]
အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးမှာ ဒေါ်ဧကရီခိုင် ဖြစ်ကာ တက္ကသိုလ်ဆရာမတစ်ဦးဖြစ်သည်။[12]၂၀၁၇ခုနှစ် တွင် ဇနီးဖြစ်သူ ကွယ်လွန်သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.