![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/9/92/20200206_154847_Kyaikthanlan_Pagode%252C_Mawlamyaing_Myanmar_anagoria.jpg/640px-20200206_154847_Kyaikthanlan_Pagode%252C_Mawlamyaing_Myanmar_anagoria.jpg&w=640&q=50)
မော်လမြိုင်မြို့
မွန်ပြည်နယ်၏မြို့တော် / From Wikipedia, the free encyclopedia
မော်လမြိုင်မြို့ (မွန်: မတ်မလီု၊ အင်္ဂလိပ်: Mawlamyine (သတ်ပုံဟောင်း – Moulmein)) သည် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည်။ ရန်ကုန်မြို့မှ ကီလိုမီတာ ၃၀၀ (၁၈၅ မိုင်) ကွာဝေးပြီး သထုံမြို့မှ ၇၀ ကီလိုမီတာ အသီးသီး ကွာဝေးကြသည်။ ဤမြို့သည် သံလွင်မြစ်ဝ၏ ဝဲဖက်ကမ်းပေါ်တွင် တည်ရှိပြီး မြန်မာ့အရှေ့တောင် ဆိပ်ကမ်းမြို့တစ်ခုဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ အောက်ပိုင်းသို့ ရောင်းဝယ်ဖောက်ကားရန် အဓိကနေရာကြီးဖြစ်သည်။ မော်လမြိုင်မြို့သည် ရှေးမွန်မြို့ဟောင်းကြီး တစ်မြို့ဖြစ်ခဲ့ပြီး ကိုလိုနီခေတ် မြန်မာနိုင်ငံတော်၏ ပထမဆုံး မြို့တော် လည်းဖြစ်ခဲ့သည်။ မော်လမြိုင်မြို့သည် မြန်မာနိုင်ငံ၏ မြို့တော်အသစ် နေပြည်တော်မြို့ မတည်ထောင်ခင် ၂၀၀၆ ခုနှစ်ထိ မြန်မာနိုင်ငံ၏ တတိယအကြီးဆုံးမြို့ ဖြစ်ခဲ့သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/9/93/ShampooIsland.jpg/640px-ShampooIsland.jpg)
အချက်တိုများ မော်လမြိုင် မတ်မလီု, နိုင်ငံ ...
မော်လမြိုင် မတ်မလီု | |
---|---|
မြို့ | |
မော်လမြိုင်မြို့တော် မြင်ကွင်းအစုံစုံ | |
မော်လမြိုင်မြို့ တည်နေရာပြ မြေပုံ | |
ကိုဩဒိနိတ်: 16°29′N 97°37′E | |
နိုင်ငံ | ![]() |
ပြည်နယ် | ![]() |
ခရိုင် | မော်လမြိုင် |
အစိုးရ | |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၂၂၉,၅၂၀ [1] |
• လူမျိုးများ | ဗမာ၊ မွန်၊ကရင်၊ အိန္ဒိယနွယ်ဖွား |
• ကိုးကွယ်ယုံကြည်မှု | ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ |
အချိန်ဇုန် | မြန်မာစံတော်ချိန် |
ဧရိယာကုဒ်(များ) | ၀၅၇[2] |
ပိတ်ရန်
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/c/ca/Salween_delta.jpg/320px-Salween_delta.jpg)