From Wikipedia, the free encyclopedia
ဦးမောင်မောင်အုန်း သည် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြည်ထောင်စုဝန်ကြီးတာဝန် ထမ်းဆောင်နေသူဖြစ်သည်။ သူသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ ဇူလိုင်လမှ ၂၀၁၆ မတ်လအထိလည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သူသည် တပ်မတော် (ကြည်း)မှ ဗိုလ်ချုပ်တစ်ဦးဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဒုတိယ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[2]
ဦးမောင်မောင်အုန်း | |
---|---|
ပြန်ကြားရေးဝန်ကြီး[1] | |
တာဝန်ထမ်းဆောင်ဆဲ | |
တာဝန် စတင် ၁ ဩဂုတ် ၂၀၂၁ | |
ဝန်ကြီးချုပ် | မင်းအောင်လှိုင် |
ယခင်လူ | ဦးချစ်နိုင် |
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဝန်ကြီး | |
တာဝန်သက်တမ်း ၇ ဖေဖော်ဝါရီ ၂၀၂၁ – ၅ ဩဂုတ် ၂၀၂၁ | |
ယခင်လူ | ဦးအုန်းမောင် |
ဆက်ခံသူ | ဦး ဌေးအောင် |
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၁ ဇူလိုင် ၂၀၁၄ – ၂၅ ဩဂုတ် ၂၀၁၅ | |
ယခင်လူ | ဦးလှမောင်တင် |
ဆက်ခံသူ | ဦးညီပု |
ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး | |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | မြန်မာနိုင်ငံ |
ကြင်ဖော်(များ) | အေးအေးသိန်း |
သားသမီး | ဒေါက်တာ အိမို့မို့အောင်၊ ရန်လင်းမောင်မောင်၊ ဉာဏ်လင်းမောင်မောင် |
စစ်မှုထမ်းခြင်း | |
သစ္စာခံနိုင်ငံ | မြန်မာနိုင်ငံ |
တပ်/တပ်ဖွဲ့ခွဲ | တပ်မတော် (ကြည်း) |
ရာထူး | ဗိုလ်ချုပ် |
၂၀၁၄ ဇွန်လတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်သွားခဲ့သော ဦးလှမောင်တင် နေရာတွင် အစားထိုးခန့်အပ်ခဲ့ခြင်း ဖြစ်သည်။[3] ထိုဝန်ကြီးချုပ်နေရာအား ရခိုင်တိုင်းရင်းသားများထဲမှ ခန့်အပ်ရန် ရခိုင်အမျိုးသားပါတီမှ တောင်းဆိုခဲ့သော်လည်း ဗမာလူမျိုးတစ်ဦးဖြစ်သူ ဦးမောင်မောင်အုန်းအား ခန့်အပ်ခဲ့သည်။[4] ဦးမောင်မောင်အုန်းအား ခန့်အပ်ရန် သမ္မတ ဦးသိန်းစိန်က အဆိုပြုခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ် လွှတ်တော်က အတည်ပြုခဲ့သည်။[5]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.