![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/27/Welcome_form_Manaung1.jpg/640px-Welcome_form_Manaung1.jpg&w=640&q=50)
မာန်အောင်မြို့
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ မြို့ / From Wikipedia, the free encyclopedia
မာန်အောင်မြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်ပြီး မာန်အောင်ကျွန်းပေါ်တွင် တည်ရှိသည်။ မာန်အောင်မြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ မာန်အောင်မြို့သည် မာန်အောင်ကျွန်း၏ အရှေ့မြောက်ဘက် အစွန်းတွင် တည်ရှိသည်။ ကျောက်ဖြူမြို့မှ ရေကြောင်းဖြင့် ၈၇ မိုင် ကွာဝေးသည်။ မာန်အောင်မြို့တွင် မာန်အောင်လေဆိပ်ရှိသည်။
မာန်အောင်မြို့ | |
---|---|
မြန်မာနိုင်ငံရှိ မြို့များ | |
![]() | |
မြို့တည်နေရာပြ မြန်မာနိုင်ငံမြေပုံ | |
ကိုဩဒိနိတ်: 18°51′N 93°44′E | |
နိုင်ငံအမည် | ![]() |
ပြည်နယ် | ![]() |
ခရိုင် | တောင်ကုတ် |
လတ္တီကျု | (၁၈)ဒီဂရီ၊ (၅၁)မိနစ် |
လောင်ဂျီကျု | (၉၃)ဒီဂရီ၊ (၄၄)မိနစ် |
အချိန်ဇုန် | မြန်မာ စံတော်ချိန် (UTC+ ၆ နာရီ ၃၀ မိနစ်) |
မြို့ပေါ်တွင် မြို့နယ်အရာရှိရုံး၊ ရဲဌာန၊ အစိုးရ အထက်တန်းကျောင်းနှင့် ဈေးရှိသည်။ မာန်အောင် ကျွန်းသည် ရခိုင် ကမ်းရိုးတန်း အလွန်၊ ဘင်္ဂလားအော်အတွင်းသို့ ရောက်နေသော အစွန်ဆုံး ကျွန်းဖြစ်သည်။ ရန်မာန်အပေါင်းကို အောင်မြင်သည့်အတွက် မန်အောင်(မာန်အောင်) ဟူ၍ ရှေးအခါကပင် မှည့်ခေါ်ထားခြင်းဖြစ်သည်ဟု ဆို၏။ မာန်အောင်ကျွန်းသည် ပုံသဏ္ဌာန်အားဖြင့် တြိဂံပုံဖြစ်၏။ မာန်အောင် ရေလက်ကြားဖြင့် ရမ်းဗြဲကျွန်းနှင့် ပိုင်းခြားလျက်ရှိသည်။ မာန်အောင်မြို့သည် ရမ်းဗြဲကျွန်းနှင့် အနီးကပ်ဆုံးဖြစ်သော ချွန်ထွက်နေသည့် နေရာတွင် တည်ရှိသည်။ မာန်အောင်ကျွန်း၏ မြေမျက်နှာပြင်သည် လှိုင်းထလျက် ရှိသည်။ အချို့တောင်များသည် ပင်လယ်ပြင်အထက် ပေ ၁ဝဝဝခန့် မြင့်သည်။ သစ်ပင်လည်း ထူထပ်သည် ရွှံ့မီးတောင်များလည်းရှိသည်။ တောင်နီတောင်ခေါ် မြေနီတောင်တွင် အလွန်မွှေးသောမြက်နီပင်များ တစ်တောင်လုံးဖုံးလွှမ်းနေသဖြင့် ထူးခြားသည်။ မန်အောင်ကျွန်းတွင် ဆန်စပါးအပြင် ဆေးရွက်၊မြေပဲ၊ ကြံ၊ ပိုက်ဆံလျှော်၊ အုန်းပင်နှင့် ကွမ်းသီးပင်များလည်း စိုက်ပျိုးသည်။ မာန်အောင်၏ အထင်ရှားဆုံး ထွက်ကုန်မှာ မန်အောင်ဆေးဖြစ်သည်။ [1]