အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီရှိ မြို့ From Wikipedia, the free encyclopedia
မာကတ်ဆာမြို့ သည် အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေစီ ပြည်နယ်၏ မြို့တော် ဖြစ်သည်။ အရှေ့အင်ဒိုနီးရှားဒေသတွင် အကြီးဆုံး မြို့ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံအတွင်း ဂျကာတာမြို့၊ ဆူရာဘာယားမြို့၊ ဘန်ဒေါင်းမြို့ နှင့် မယ်ဒန်မြို့ တို့ပြီးလျှင် ပဉ္စမမြောက် အကြီးဆုံး မြို့ ဖြစ်သည်။[1][2] ၁၉၇၁ ခုနှစ် မှ ၁၉၉၉ ခုနှစ် အထိ မြို့အမည်အား အဓိက ခရိုင်တစ်ခု ဖြစ်သော "အူဂျွန် ပန်ဒန်း" ၏ အမည်ဖြင့် ခေါ်ဆိုခဲ့သည်။ မြို့တော်သည် ဆူလာဝေစီကျွန်း၏ အနောက်တောင်ဘက် ကမ်းရိုးတန်းတွင် တည်ရှိပြီး မာကတ်ဆာ ရေလက်ကြား အား မျက်နှာမူ၍ တည်ရှိသည်။ မာကတ်ဆာသည် အင်ဒိုနီးရှား အရှေ့ပိုင်း၏ ဝင်ပေါက်တစ်ခုသာ မကပဲ အနောက်အင်ဒိုနီးရှား နှင့် အရှေ့အင်ဒိုနီးရှား၏ ဗဟိုချက် ဖြစ်သည့် အပြင် ဩစတြေးလျ နှင့် အာရှ ကြား ဗဟိုချက်မလည်း ဖြစ်သည်။
သမိုင်းကြောင်း တလျှောက်တွင် မာကတ်ဆာသည် အရေးပါသော ကုန်သွယ်ရေး ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ပြီး ဂိုဝါစူလတန် ဘုရင် အခြေစိုက်ရာ နှင့် ပေါ်တူဂီတို့၏ ရေတပ်စခန်း ဌာနချုပ် တည်ရှိရာ ဖြစ်ခဲ့သည်မှာ ၁၇ ရာစု ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီမှ သိမ်းယူသည့် အချိန်အထိပင် ဖြစ်သည်။ ထို့နောက်တွင် ဒတ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီ၏ အရှေ့အင်ဒိုနီးရှားမှ အရေးပါသော ဆိပ်ကမ်းတစ်ခု ဖြစ်ခဲ့ကာ မာကတ်ဆာမှ ငါးဖမ်းသမားများသည် မြောက်ဘက်သို့ အဝေးဆုံး ဩစတြေးလျ ကမ်းရိုးတန်း တိုင်အောင် သွားရောက်လေ့ ရှိကြသည်။ အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးရပြီး ခဏတာမျှကြာအောင် မာကတ်ဆာသည်သည် အရှေ့အင်ဒိုနီးရှားပြည်နယ်၏ မြို့တော် ဖြစ်ခဲ့ပြီး ထိုအချိန်တွင် အုံကြွမှု ဖြစ်ပွားခဲ့သည်။
မြို့တော်၏ ဧရိယာမှာ၁၉၉.၃ စတုရန်း ကီလိုမီတာ (၇၇.၀ စတုရန်းမိုင်) ရှိပြီး လူဦးရေမှာ ၂၀၁၉ ခုနှစ်တွင် မာကက်ဆာမြို့တော်၏ မြို့နယ် ၁၅ ခု အတွင်းတွင် ၁.၅ သန်းခန့် ရှိသည်။ [1][3][4]၎င်း၏ တရားဝင် မက်ထရိုပိုလစ်တန် ဒေသကို "မမ်မီနာစာတာ" ဟု ခေါ်ကြပြီး အနီးအနားရှိ ခရိုင်များမှ မြို့နယ် ၁၇ ခုပါ အပါအဝင် ဖြစ်ကာ ၂,၅၄၈ စတုရန်း ကီလိုမီတာ (၉၈၄ စတုရန်းမိုင်) မျှ ကျယ်ဝန်းပြီး လူဦးရေမှာ ၂၀၁၉ ခုနှစ် တရားဝင် ခန့်မှန်းချက်အရ ၂,၆၉၆,၂၄၂ ဦး ရှိသည်။[5] နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေး စီမံကိန်း အေဂျင်စီ၏ အဆိုအရ မာကတ်ဆာသည် မယ်ဒန်မြို့ ၊ ဂျကာတာမြို့ နှင့် ဆူရာဘာယားမြို့ တို့နှင့် အတူ အင်ဒိုနီးရှား၏ ဗဟိုမြို့တော် ၄ ခုတွင် တစ်ခု အပါအဝင်ဟု သတ်မှတ်ထားသည်။[6][7] အင်ဒိုနီးရှား ဗဟိုဘဏ်၏ အဆိုအရ မာကတ်ဆာသည် ဂရိတ်တားဂျကာတာ ဒေသပြီးလျှင် အင်ဒိုနီးရှားတွင် ဒုတိယမြောက် အိမ်ခြံမြေ ဈေးနှုန်း အမြင့်ဆုံးဟု ဆိုသည်။[8]ယခုလက်ရှိတွင် မာကတ်ဆာတွင် အလွန်လျင်မြန်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရှိပြီး အင်ဒိုနီးရှားနိုင်ငံ၏ ပျမ်းမျှတိုးတက်နှုန်းထက် များပြားသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.