မလိဝမ်းရွာ၊ ကော့သောင်းမြို့နယ်
From Wikipedia, the free encyclopedia
မလိဝမ်းရွာ(အင်္ဂလိပ်: Maliwan)သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၌ တည်ရှိသည်။[1][2] ရွာနေရာကုတ်မှာ ၁၇၈၀၉၉ ဖြစ်သည်။ မလိဝမ်းချောင်းတံတားသည် အာစီစီ ဖြစ်ကာ၊ ၁၃၁ ပေ ရှည်သည်။ မလိဝမ်းရေတံခွန်လည်း ရှိကာ၊ မလိဝမ်းရေပူစမ်းသည် ကျော်ကြားသည်။ အထက်တန်းကျောင်း ၁ ကျောင်းရှိပြီး ဆရာ/မ ၂၀ ကျော်ဖြင့် လည်ပတ်ကာ၊ ကျောင်းသား/သူ ၁၀၀၀ ကျော်ရှိသည်။ ရွှေတောင်ဦး ဘကကျောင်း ရှိပြီး၊ ဆရာ/မ ၁၀ ကျော်၊ ကျောင်းသား ၂၀၀ ကျော် ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁၇ ရွာ၌ ပါဝင်သည်။၁မိုင်/၃ဖာလုံ ရှည်သော ကတ္တရာလမ်းရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ခြေ ၂၆၇၊ အိမ်ထောင်စု၂၇၇ နေထိုင်လျက်ရှိသည်။ [3]
အချက်တိုများ မလိဝမ်း, မလိဝမ်းရွာ ...
မလိဝမ်း | |
---|---|
ရွာ | |
မလိဝမ်းရွာ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 10°14′40″N 98°36′15″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | တနင်္သာရီတိုင်းဒေသကြီး |
ခရိုင် | ကော့သောင်းခရိုင် |
မြို့နယ် | ကော့သောင်းမြို့နယ် |
ကျေးရွာအုပ်စု | မလိဝမ်း |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
ပိတ်ရန်