မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်
မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် / From Wikipedia, the free encyclopedia
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် မန္တလေးမြို့ တောင်ဘက် ၃၅ ကီလိုမီတာအကွာ တံတားဦးမြို့တွင် တည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင် တည်ဆောက်မှုပြီးစီးပြီး ရန်ကုန်လေဆိပ်ကို အဆင့်မြှင့်တင်ခြင်း မပြုမီအချိန်အထိ မြန်မာနိုင်ငံတွင် အကြီးဆုံးနှင့် ခေတ်အမီဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတစ်ခုဖြစ်သည်။ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်၏ လေယာဉ်ပြေးလမ်းသည် ပေ ၁၄,၀၀၀ (၄၂၆၇ မီတာ) ရှည်လျားပြီး ကမ္ဘာပေါ်တွင်အရှည်ဆုံးသော လေယာဉ်ပြေးလမ်းများစာရင်းတွင် ပါဝင်သည်။ အရှေ့တောင်အာရှတွင် လက်ရှိအသုံးပြုနေသော လေယာဉ်ပြေးလမ်းများတွင် အရှည်ဆုံးဖြစ်ပြီး တစ်နှစ်လျှင် ခရီးသည် ၃သန်း ကိုင်တွယ်နိုင်သည်။[1] လေဆိပ်ကြီးသည် မြန်မာနိုင်ငံ၏ ပထမဆုံးစရိတ်နည်းလေကြောင်းလိုင်းဖြစ်သော ရွှေမြန်မာလေကြောင်းလိုင်း နှင့် မန်းရတနာပုံ လေကြောင်းလိုင်း ၏ အဓိကဗဟိုချက် လည်းဖြစ်သည်။
အချက်တိုများ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် Mandalay International Airport, အချက်အလက်များ ...
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် Mandalay International Airport | |||||||||||
---|---|---|---|---|---|---|---|---|---|---|---|
![]() | |||||||||||
မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် | |||||||||||
အချက်အလက်များ | |||||||||||
အမျိုးအစား | ပြည်သူပိုင် | ||||||||||
ပိုင်ဆိုင်သူ | ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ | ||||||||||
စီမံကွပ်ကဲသူ | MC-Jalux Airport Service | ||||||||||
ဝန်ဆောင်မှု ဧရိယာ | မန္တလေး | ||||||||||
တည်နေရာ | တံတားဦးမြို့ , ကျောက်ဆည်ခရိုင် မန္တလေးတိုင်းဒေသကြီး, မြန်မာ | ||||||||||
ဗဟိုချက်အဖြစ် အသုံးပြုသည့် လေကြောင်း | |||||||||||
ပင်လယ်မျက်နှာပြင် အထက် | ၃၀၀ ပေ / ၉၁ မီတာ | ||||||||||
ကိုဩဒိနိတ် | 21°42′08″N 095°58′41″E | ||||||||||
ပြေးလမ်း | |||||||||||
|
ပိတ်ရန်