![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/6c/Makemake_moon_Hubble_image_with_legend_%2528cropped%2529.jpg/640px-Makemake_moon_Hubble_image_with_legend_%2528cropped%2529.jpg&w=640&q=50)
မက်ကီမက်ကီ
နေအဖွဲ့အစည်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား / From Wikipedia, the free encyclopedia
မက်ကီမက်ကီ (အင်္ဂလိပ်: Makemake; သင်္ကေတ: )[15] သည် ဂြိုဟ်ပုဖြစ်ပြီး အချင်းအားဖြင့် ပလူတို၏ ၃ ပုံ ၂ ပုံခန့်ရှိသည်။[16][17] ယင်း၌ S/2015 (136472) 1 ဟုခေါ်သည့် ဂြိုဟ်ရံလတစ်ခုရှိသည်။[18] မက်ကီမက်ကီ၏ ပျမ်းမျှအပူချိန် အင်မတန် နည်းပါးပြီး −၂၄၃.၂ ဒီဂရီ စင်တီဂရိတ် ရှိကာ မျက်နှာပြင်တွင် မီသိန်း၊ အီသိန်းနှင့် ဖြစ်နိုင်ခြေ အစိုင်အခဲ နိုက်ထရိုဂျင်များဖြင့် ဖုံးလွှမ်းထားသည်။[19]
![]() မက်ကီမက်ကီနှင့် ယင်း၏ လကို ဟာဘယ် အာကာသ တယ်လီစကုပ်မှ မြင်ရပုံ | |
ရှာဖွေတွေ့ရှိခြင်း | |
---|---|
ရှာဖွေတွေ့ရှိခဲ့သူ |
|
ရှာဖွေတွေ့ရှိသည့် ရက်စွဲ | March 31, 2005 |
အသံထွက် | /ˌmækiˈmæki/, /ˌmɑːkiˈmɑːki/ or /ˌmɑːkeɪˈmɑːkeɪ/ (![]() |
အစွဲပြု၍ မှည့်ခေါ် | Makemake |
အခြားအမည်များ | 2005 FY9 |
ဂြိုဟ်သိမ်စာရင်း | ဂြိုဟ်ပု cubewano[5] scattered-near |
ပါဝင်အရာဝတ္ထုများ | Makemakean |
ပတ်လမ်း ဂုဏ်အင်များ[6] | |
Epoch JD 2457000.5 (9 December 2014) | |
အဝေးဆုံးပတ်လမ်း | 52.840 AU |
အနီးဆုံးပတ်လမ်း | 38.590 AU |
ဆီမီး မေဂျာ ဝင်ရိုး | 45.715 AU |
ပတ်လမ်း ဗဟိုကျမှု | 0.15586 |
ပတ်လမ်း ကာလ | 309.09 yr (112,897 d) |
ပျမ်းမျှ ပတ်နှုန်း | 4.419 km/s |
ပျမ်းမျှ မူမမှန်မှု | 15 |
ပတ်လမ်း တိမ်းစောင်းမှု | 29.00685° |
Longitude of ascending node | 79.3659° |
Argument of perihelion | 297.240° |
သိရသည့် ဂြိုဟ်ရံလများ | 1 |
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |
ဒိုင်မင်းရှင်း | |
ပျမ်းမျှ အချင်းဝက် | |
ပြားချပ်မှု | 0.05[lower-alpha 2] |
မျက်နှာပြင် ဧရိယာ | 7012690000000000000♠(6.9±0.3)×106 km2[lower-alpha 3][9] |
ထုထည် | 7018170000000000000♠(1.7±0.1)×109 km3[lower-alpha 3][10] |
ဒြပ်ထု | < 4.4 × 1021 kg |
ပျမ်းမျှ သိပ်သည်းဆ | 1.4–3.2 g/cm3[7] <3.05 g/cm3 |
ဘေးဘက် လှည့်ပတ်ကာလ | 7004279756000000000♠7.771±0.003 h[11] |
Geometric albedo | 6999810000000000000♠0.81+0.03 −0.05[7] |
အပူချိန် | 32–36 K (single-terrain model) 40–44 K (two-terrain model)[8] |
ဥက္ကာခဲ အမျိုးအစား | B−V=0.83, V−R=0.5[12] |
မြင်သာသော ပမာဏ | 17.0 (opposition)[13][14] |
ပကတိ ပမာဏ (H) | 3000700000000000000♠−0.3[6] |
မက်ကီမက်ကီအား ၂၀၀၅ ခုနှစ် မတ်လ ၃၁ ရက်၌ Michael E. Brown ခေါင်းဆောင်သောအဖွဲ့မှ ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၀၅ ဇူလိုင် ၂၉ တွင် ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတကာ နက္ခတ္တအဖွဲ့အစည်းက ၂၀၀၈ ခုနှစ် ဇူလိုင်လတွင် ဂြိုဟ်ပုတစ်ခုအဖြစ် အသိမှတ်ပြုခဲ့သည်။[17][20][21][22] နေကို တစ်ပတ် ပတ်မိရန် ၃၁၀ နှစ် ကြာမြင့်ပြီး[23] ၂၀၁၅ ခုနှစ်အရ မက်ကီမက်ကီသည် နေမှအဝေးဆုံးဖြစ်သည့် ၅၂.၄ AU (၇.၈၄×၁၀၉ km) အကွာဝေးသို့ ရောက်ရှိခဲ့သည်။[13][14] မိမိကိုယ်ကို တစ်ပတ်လှည့်ပတ်မိရန်မှာ ခန့်မှန်းခြေ ၇.၇ နာရီ ကြာမြင့်သည်။