![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/f/fc/Bill_Gates_-_2023_-_P062021-967902_%2528cropped%2529.jpg/640px-Bill_Gates_-_2023_-_P062021-967902_%2528cropped%2529.jpg&w=640&q=50)
ဘီလ် ဂိတ်
From Wikipedia, the free encyclopedia
ဝီလျံ ဟင်နရီ “ဘီလ်” ဂိတ်စ် (သုံး) (၁၉၅၅ ခု၊ အောက်တိုဘာ ၂၈ ရက်တွင် မွေးဖွားခဲ့သူ) သည် အမေရိကန်၏ ဩဇာတိက္ကမ ကြီးမားသော လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ပရဟိတ လုပ်ငန်းများတွင်လည်း နာမည်ကြီးသူဖြစ်ပြီး စာရေးဆရာ တစ်ဦးလည်းဖြစ်သည်။ ဘီလ်ဂိတ်သည် မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲ ကုမ္ပဏီ ကို ပေါလ် အယ်လန် Paul Allen နှင့်အတူ ပူးတွဲ တည်ထောင်ခဲ့သည်။
ဘီလ် ဂိတ် | |
---|---|
![]() | |
မွေးဖွား | ဝီလျံ ဟင်နရီ ဂိတ်စ် III (1955-10-28) အောက်တိုဘာ ၂၈၊ ၁၉၅၅ (အသက် ၆၈) ဆီအက်တယ် ၊ ဝါရှင်တန်ပြည်နယ် ၊ အမေရိကန်ပြည်ထောင်စု |
ပညာရေး | Lakeside School, ဟားဗတ် တက္ကသိုလ် (dropped out) |
အလုပ်အကိုင် |
|
တက်ကြွလှုပ်ရှားနှစ်များ | ၁၉၇၅–လက်ရှိ |
ကျော်ကြားမှုအရင်းခံ | မိုက်ခရိုဆော့ဖ် ပူးတွဲ တည်ထောင်သူ |
ကြွယ်ဝမှု | US$၁၀၅.၆ ဘီလီယံ (မေ ၂၀၂၀)[1] |
ဘွဲ့ |
|
အိမ်ထောင်ဖက်(များ) | မယ်လင်ဒါဂိတ်စ် (လက်ထပ် ၁၉၉၄) |
သားသမီး | ၃ ယောက် |
မိဘများ |
|
ဝက်ဘ်ဆိုဒ် | gatesnotes.com |
လက်မှတ် | |
![]() |
သူသည် ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် ပထမ နေရာ၌ ၁၉၉၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်ထိ ( ၂၀၀၈ တွင်တတိယ အချမ်းသာဆုံးနေရာ ) အပြောင်းအလဲ မရှိဘဲ ရောက်ရှိနေခဲ့သည်။ မိုက်ခရိုဆော့ဖ်တွင်ရှိနေသည့် အချိန်တွင် ဂိတ်စ်သည် စီအီးအိုနှင့် အဓိကဆော့ဖ်ဝဲ ဖန်တီးသူ ရာထူးများ ရရှိခဲ့ပြီး၊ ဘုံရှယ်ယာဈေးကွက်၏ ၈% အထက် ပိုင်ဆိုင်သောကြောင့် တစ်ဦးချင်းရှယ်ယာပိုင်ဆိုင်သူအနေဖြင့် အမြင့်ဆုံးရှယ်ယာ ပိုင်ဆိုင်သူနေရာတွင် မပြောင်းမလဲပဲ ရှိနေခဲ့သည်။ ကိုယ်တိုင်သော်လည်းကောင်း၊ အခြားသူများနှင့် ပေါင်းစပ်၍လည်းကောင်း စာအုပ်ပေါင်းများစွာ ကိုလည်း ရေးသားခဲ့သည်။
ဂိတ်စ် သည် ကိုယ်ပိုင်ကွန်ပြူတာ ခေတ်ပြောင်းတော်လှန်ရေး၏ ထင်ရှားကြော်ကြားသော စွန့်ဦးတီထွင်သူများအနက် တစ်ယောက် အပါအဝင် ဖြစ်သည်။ အများသူငါတို့၏ လေးစားမှုကို ရရှိသော်လည်း၊ အချို့သော စက်ရုံအတွင်းဝန်ထမ်းများက ဂိတ်စ်၏ လုပ်နည်းလုပ်ဟန်များသည် အများနှင့်ယှဉ်ပြိုင် နိုင်ခြင်းမရှိဟု သုံးသပ်ဝေဖန်ကြသည်။ ၎င်းအမြင်သည် တရားရုံးများမှ တချို့သော ကိစ္စရပ်များတွင် တရားသေ ကိုင်စွဲထားသကဲ့သို့ အမြင်မျိုး ဖြစ်သည်။ နောက်ပိုင်းတွင် ဂိတ်စ်သည် ပရဟိတ လုပ်ငန်းများကို အားထည့် လုပ်ဆောင်လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် Bill & Melinda Gates Foundation ကို အမျိုးမျိုးသော ပရဟိတ လုပ်ငန်းများနှင့် သိပ္ပံသုတေသန လုပ်ငန်းများအတွက် တည်ထောင်ခဲ့သည်။
၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလမှ စ၍ ဘီလ်ဂိတ်စ်သည် မိုက်ခရိုဆော့ဖ်၏ စီအီးအို အဖြစ်သာ ဆက်လက် လုပ်ကိုင်တော့သည်။ မိုက်ခရိုဆော့ဖ်၏ ဥက္ကဋ္ဌ နေရာအဖြစ်ဆက်လက်နေပြီး၊ အဓိကဆော့ဖ်ဝဲ ဖန်တီးသူ နေရာကို စွန့်လွှတ်ဖို့ ကြိုးစားခဲ့သည်။ ၂၀၀၆ ဇွန်လတွင် ဂိတ်စ် သည် မိုက်ခရိုဆော့ဖ်၏ အချိန်ပြည့်အလုပ်မှ အချိန်ပိုင်းအလုပ်သို့ ကူးပြောင်း ပြီး၊ Bill & Melinda Gates Foundation၏ အချိန်ပြည့် အလုပ်သို့ ကူးပြောင်းတော့မည်ဟု ကြေညာခဲ့သည်။
သူ၏ လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်များကို Ray Ozzie နှင့် Craig Mundie တို့အား တဖြည်းဖြည်းချင်း လွှဲပြောင်းပေးခဲ့သည်။ Ray Ozzieသည် အဓိကဆော့ဖ်ဝဲ ဖန်တီးသူ ဖြစ်ပြီး၊ Craig Mundieသည် သုတေသန အကြီးအကဲနှင့် နည်းဗျူဟာအရာရှိ ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့သည် ဂိတ်စ်၏ မိုက်ခရိုဆော့ဖ်နှင့်ပက်သက်သည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။ နောက်ပိုင်းတွင် မိုက်ခရိုဆော့ဖ်၏ တရားဝင်ရာထူး မဟုတ်သည့် ဥက္ကဋ္ဌ နေရာကို ဆက်လက် တာဝန်ယူပေးထားသည်။