![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/06/Birmanstrofe.jpg/640px-Birmanstrofe.jpg&w=640&q=50)
ဘီယာမန်ကြောင်
အိမ်မွေးကြောင်အမျိုးတစ်မျိုး / From Wikipedia, the free encyclopedia
ဘီယာမန် (အင်္ဂလိပ်: Birman) သည် အိမ်မွေးကြောင်တစ်မျိုးဖြစ်သည်။ "Sacred cat of Burma" (မြန်မာပြည်မှ ကြောင်မြတ်) ဟုလည်း အမည်မှည့်ပေးထားသည်။[1] ရှည်လျားသောအမွှေးများရှိပြီး ပိုးထည်အသားနှင့်ဆင်တူသည်။ ထိုကြောင်တို့၏ကိုယ်အမွှေးသည် ဖြူဖွေးသောအရောင်ရှိပြီး အစွန်းနေရာများတွင် အရောင်အရင့်များရှိသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/06/Birmanstrofe.jpg/320px-Birmanstrofe.jpg)
ဘီယာမန် ဟူသောအမည်သည် ပြင်သစ်စကားလုံး "Birmanie" မှဖြစ်လာပြီး ဗမာနိုင်ငံကို အမည်မှည့်ပေးထားခြင်းဖြစ်သည်။ ဘီယာမန်ကြောင်မျိုးကို ၁၉၂၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံကြောင်များအဖွဲ့ (Cat Club de France) မှ ပထမဦးဆုံး အသိအမှတ်ပြုခဲ့သည်။ ၁၉၆၆ တွင် အင်္ဂလန်နိုင်ငံ၌ Governing Council of the Cat Fancy မှလည်းကောင်း[2]၊ ၁၉၆၇ တွင် အမေရိကန်နိုင်ငံ၌ Cat Fanciers' Association မှလည်းကောင်း၊ ကနေဒါကြောင်များအဖွဲ့ (Canadian Cat Association) မှလည်းကောင်း၊ ၁၉၇၉ တွင် နိုင်ငံတကာကြောင်များအဖွဲ့ (The International Cat Association) မှလည်းကောင်း အသီးသီး အသိမှတ်ပြုခဲ့ကြသည်။ [3]