ဘိန်းပင်သည် ဥယျာဉ်များထဲတွင် အလှစိုက်ပျိုးသော ပန်းပင်မျိုးဖြစ်၍ အမျိုးပေါင်း ၅ဝ ခန့်မျှ ရှိသည်။ ပန်းပွင့်များမှာ အပင်အမျိုးကိုလိုက်၍ အဖြူ၊ အနီး၊ ပန်းရောင်၊ အဝါ၊ လိမ္မော်၊ ကြက်သွေး စသည်ဖြင့် အရောင်အမျိုးမျိုးရှိကြသည်။ ငိုက်နေသော အဖူးများ၊ လှပစွာ အစွမ်းကုန် ပွင့်နေကြသော အပွင့်များနှင့် ပိုးရောင်တောက်နေသည့် ပွင့်ချပ်များကို တွေ့ရသည်မှာ စိတ်ကိုများစွာ ပျော်ရွှင်စေလေသည်။

အချက်တိုများ Papaver somniferum, မျိုးရိုးခွဲခြားခြင်း ...
Papaver somniferum
Thumb
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Ranunculales
မျိုးရင်း: Papaveraceae
မျိုးဇာတ်: Papavereae
မျိုးစု: Papaver
မျိုးစိတ်:
P. somniferum
ဒွိနာမ
Papaver somniferum
ပိတ်ရန်

ဤဥယျာဉ်စိုက် ဘိန်းပင်များကို ဘိန်းပင်အရိုင်း အမျိုးမျိုးတို့မှ ရွေးချယ်ခြင်းဖြင့် လည်းကောင်း၊ မျိုးစပ် ယူခြင်းဖြင့် လည်းကောင်း ရရှိခဲ့လေသည်။ ထိုဘိန်းပင် အရိုင်းများထဲတွင် ရုက္ခဗေဒ အမည်အားဖြင့် ပါမေးဗား ဆွမ်နီဖာရမ်ဟုခေါ်သော ဘိန်းထွက်သည့် ရှေးအကျဆုံး ဘိန်းပင်မျိုးသည် အရင်းခံပင်မ ဖြစ်သည်။ ဥရောပတောင်ပိုင်းနှင့် အာရှတိုက် အနောက်ပိုင်း ဒေသများသည် ဤဘိန်းထွက်သော ဘိန်းပင်များ မူလပေါက်ရာ အရပ်များဖြစ်သော်လည်း ဘိန်း ရရှိရေးအတွက် အီရန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများတွင် အကြီးကျယ် စိုက်ပျိုးကြသည်။ ဘိန်းသီး အခွံပေါ်ရှိ ခြစ်ကြောင်းကလေးများမှထွက်သော အစေးသည် တဖြည်းဖြည်း ခြောက်လာ၍ နောက်တွင် ဘိန်းအကြမ်းစား ဖြစ်လာလေသည်။

သီးတောင့်ထဲရှိ အစေ့များမှ ရောင်စုံ ဆေးခြယ်ရာတွင် သုံးသော ဆီဆေးနှင့် စားသုံးဆီများကို ရနိုင်သည်။

ကြက်သွေးရောင် ပွင့်သော ဘိန်းပင်များသည် ဂရိတ် ဗြိတိန်ရှိ ဂျုံခင်းများနှင့် ဥရောပနိုင်ငံများတွင် အလေ့ကျ ပေါက်ကြသည်။ သို့သော် တောင်သူလယ်သမားများအဖို့ကား ပေါင်းပင်များသာ ဖြစ်၍ အနှောင့်အယှက် ဖြစ်ပေသည်။ ပထမ ကမ္ဘာစစ်ကြီးအတွင်း ဖလန်းဒါးနယ် စစ်မြေပြင်များတွင် ပေါက်သော ဘိန်းပင်များသည် ဤကြက်သွေးရောင် ဘိန်းပင်များပင် ဖြစ်ကြသဖြင့် ပေါ်ပီနေ့ ဟူသော အမည်ပေါ်ပေါက်လာခဲ့ပေသည်။ တစ်ခါ စိုက်ထားလျှင် ပြန်စိုက်ရန်မလိုဘဲ နှစ်တိုင်း အစေ့များကျ၍ ပြန်ပေါက်ကြသည်။

အဝါရောင်ပွင့်သော ဘိန်းပင်များသည် ဗြိတိန်နိုင်ငံရှိ တောင်တန်းဒေသများတွင် ပေါက်ရောက်၍ အခြား တစ်မျိုးမှာ ပင်လယ်ကမ်းခြေ တစ်လျှောက်တွင် ပေါက်ကြသည်။[2]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.