ဘာသာဗေဒ
From Wikipedia, the free encyclopedia
တက်ကျသံ အမျိုးမျိုးက ကွဲပြားသော အနက်အဓိပ္ပါယ် အမျိုးမျိုးကို ဖော်ညွှန်းနေလျှင် အဆိုပါဘာသာစကားက တက်ကျသံဘာသာစကား (tonal language) ဖြစ်သည်။
ဥပမာအားဖြင့် မြန်မာဘာသာစကားသည် တက်ကျသံဘာသာစကား ဖြစ်သည်။ "စာ" ဟူလျှင် ရေးခြစ်မှတ်သားသော အရာ ဟူသည်မျိုး အဓိပ္ပါယ် ရောက်ပြီး "စား" ဖြစ်သွားလျှင် အစာကို ပါးစပ်ထဲသို့ သွတ်သွင်း ဝါးမျိုခြင်း အဓိပ္ပါယ် ဖြစ်သွားတော့သည်။ သို့ဖြင့် မြန်မာစကားသည် အာ့-အာ-အား ဟူသည်မျိုး အသံအနိမ့်အမြင့် ၃မျိုး ရှိသည့် တက်ကျသံဘာသာစကား ဖြစ်သည်။ တရုတ်ဘာသာစကားသည်မူ အသံအနိမ့်အမြင့် ၄မျိုးနှင့် ဖြစ်ပြီး၊ ထိုင်းဘာသာစကားသည်မူ အသံအနိမ့်အမြင့် ၅မျိုးနှင့် ဖြစ်သည်။
အင်္ဂလိပ်ဘာသာစကားကမူ တက်ကျသံဘာသာစကား မဟုတ်ချေ၊ be ကို /ဘီ/ဆန်ဆန် အသံထွက်သည်ဖြစ်စေ /ဘီး/ဆန်ဆန် အသံထွက်သည်ဖြစ်စေ အင်္ဂလိပ်စကား၌ အနက် မပြောင်းပေ။
ဘာသာစကားရပ် ပညာဟူသည် စံနစ်တကျ သိပ္ပံနည်းကျကျဖြင့် ကမ္ဘာ့ဘာသာ စကားများကို နှိုင်းယှဉ်လေ့လာ ဆန်းစစ်ကြည့်သော ပညာတစ်ရပ် ဖြစ်ပေ
သည်။ ထိုပညာရပ်သည် စကားဇာစ်မြစ်ပညာရပ်တွင် အကျုံးဝင်သော ပညာတစ်ရပ်လည်း ဖြစ်ပေသည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။(13 April 2017) |
ဘာသာဗေဒသည် လူသားများ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် အသုံးပြုသော ဘာသာစကားများကို သိပ္ပံနည်းကျ လေ့လာခြင်းဖြစ်ပြီး ယေဘုယျအားဖြင့် ၁) ဘာသာစကား၏ ကိုယ်ထည်သဏ္ဍန်ကိုလေ့လာခြင်း၊ ၂) ဘာသာစကား၏ အဓိပ္ပာယ်ကို လေ့လာခြင်း၊ ၃) စကားစပ်ပေါ်မူတည်၍ ဘာသာစကားကို လေ့လာခြင်းဟူ၍ သုံးပိုင်း ခွဲခြားနိုင်သည်။
ဘာသာစကား၏ ကိုယ်ထည်သဏ္ဍန်ကို လေ့လာခြင်းဆိုသည်မှာ ဘာသာစကားများ၏ တည်ဆောက်ပုံ(သဒ္ဒါ)ကို လေ့လာခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ဘာသာစကားများကို ပြောဆိုရေးသားရာတွင် လိုက်နာရသော စည်းမျဉ်းများကို လေ့လာခြင်း ဖြစ်သည်။ စကားလုံးများ ဖွဲ့တည်ပုံ၊ စာကြောင်းများ ဖွဲ့တည်ပုံနှင့် အသံထွက်စနစ်များကို လေ့လာခြင်းများ ပါဝင်သည်။
ထိုပညာရပ်ကို လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝ ကျော်ခန့်ကမှ စနစ်တကျ လေ့လာလိုက်စားခဲ့ကြသည်။ သက္ကတ ဘာသာစကားကို ဥရောပပညာရှင်တို့ တွေ့သိလာခြင်းသည် ဘာသာစကားများကို နှိုင်းယှဉ်လေ့လာရာ၌ များစွာ အထောက်အကူ ဖြစ်ခဲ့လေသည်။ ဘာသာစကားရပ် ပညာအရ ကမ္ဘာပေါ်တွင် ပြောဆိုကြသော ဘာသာစကားပေါင်း ၆ဝဝဝ ကျော် ရှိသည်ဟု ဆိုသည်။ ယင်းတို့သည် မူလဘာသာစကားကြီးများမှ ဆင်းသက်ခြင်းများဖြစ်၍ များသောအားဖြင့် တစ်ခုနှင့် တစ်ခု ဆက်နွယ်မှုများ ရှိသည်ဟု ဆိုလေသည်။ ဂရိတို့သည် ရှေးခေတ်ယဉ်ကျေးမှု အမျိုးမျိုးကို ဖန်တီးခဲ့သူများ ဖြစ်ကြသည်။
သို့သော် စကားဇာစ်မြစ်ပညာရပ်၌လည်းကောင်း၊ ဘာသာအချင်းချင်း ဆက်သွယ်ပုံ၌လည်းကောင်း လမ်းမှားလိုက်ခဲ့သည်။ ဘာသာခြားစကားတို့သည် လူရိုင်းတို့၏ စကားဖြစ်သည်ဟူ၍ အယူရှိသဖြင့် မိမိတို့၏ ဒေသန္တရ ဘာသာစကားများမှလွဲ၍ အခြားဘာသာစကားများကို လေ့လာဆန်းစစ်ခြင်း မပြုခဲ့ကြပေ။ စကားလုံး၏ အရင်းအမြစ်ကို ရှာဖွေရာ၌ မည်သည်က ဓာတု၊ မည်သည်က ဝိဘတ်ဟူ၍ သက္ကတကျမ်းပြု ဆရာတို့သိကြ သကဲ့သို့ဂရိဆရာတို့ခွဲခြားမသိကြချေ။ ခရစ်ယာန်အယူဝါဒ ပျံ့နှံ့လာသောအခါ ဘာသာစကား လေ့လာမှုသည် တိုးတက်လာသည်။ ခရစ်ယာန်ဝါဒပျံ့နှံ့ရေးအတွက် ဂရိ၊ ရောမတို့ကဲ့သို့လူယဉ်ကျေးများနှင့် လူရိုင်းများ၏ အကြားရှိ အတန်းစားခွဲခြားမှုကဲ့သို့ အတားအဆီးများကို ဖြိုဖျက်ကြသည်။ ထိုအခါ မိမိတို့ဘာသာစကားမှအပ အခြားဘာသာစကားများကို သိရှိနားလည်လာကြသော်လည်း ဘာသာစကား အချင်းချင်း ဆက်သွယ်ပုံကို သိပ္ပံနည်းကျကျ မလေ့လာ မစူးစမ်းခဲ့ကြသေးပေ။ ပုံနှိပ်အတတ်ပေါ်လာပြီးသည့်နောက်တွင် ဘာသာစကား တစ်ခုနှင့် တစ်ခု နှိုင်းယှဉ်လေ့လာရန် လွယ်ကူလာခဲ့ပေသည်။ သို့သော် ဘာသာစကား တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်၍ လေ့လာ ဆန်းစစ်ခြင်းကို ၁၈ ရာစုခေတ်တွင်မှ စံနစ်တကျ ပြုလုပ်ခဲ့ကြလေသည်။
ယခုအခါ နိုင်ငံများစွာမှ ပညာရှင်တို့သည် ထိုပညာရပ်ကို လေ့လာဆောင်ရွက်လျက် ရှိကြလေသည်။ ယင်းသို့စနစ်တကျ နှိုင်းယှဉ်ဆန်းစစ်ရာ၌ ကမ္ဘာတစ်ဝန်း၌ ပြောဆိုရေးသားလျက် ရှိကြသော ဘာသာစကားတို့သည် အရေအတွက်အားဖြင့် အလွန်များပြား လှပေရာ ယင်းတို့ကို လေ့လာစိစစ်ရန် မလွယ်ကူလှပေ။ သို့ဖြစ်စေကာမူ ဝါကျဖွဲ့ပုံဖွဲ့နည်းကို အမှီပြု၍ အောက်ပါအတိုင်း ၄ မျိုး ၄ စား ခွဲခြားထားကြသည်။