![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/c/c6/Vishnu_and_Lakshmi_on_Shesha_Naga%252C_ca_1870.jpg/640px-Vishnu_and_Lakshmi_on_Shesha_Naga%252C_ca_1870.jpg&w=640&q=50)
ဗိဿနိုးနတ်
ဗစ်ရှ်နူးဘုရား / From Wikipedia, the free encyclopedia
ဗစ်ရှ်နူးဘုရား (Vishnu, ဗိဿနိုး။ သက္ကတ ဝိၑ္ဏု) သည် ဟိန္ဒူဘာသာ၏ လောကထိန်းသိမ်းသည့် ဘုရားတစ်ပါးဖြစ်သည်။ မှတ်တမ်းများအရ များစွာသောဟိန္ဒူဘာသာဝင်တို့က ဂေါတမဗုဒ္ဓဘုရားသည် ဗစ်ရှ်နူးဘုရား (God Vishnu) ၏ အ၀တာရ (လူဝင်စားအသွင်) ဖြစ်သည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘုရားရှင်သည် ပရိနိဗ္ဗာန် (Parinirvana) ပြုပြီးဖြစ်၍ သက်ရှိထင်ရှားမရှိတော့ချေ။ သို့သော် ဗစ်ရှ်နူးဘုရား(ဗိဿနိုး)သည် ယခုထက်တိုင် တည်ရှိသည်ဟု ဟိန္ဒူဘာသာဝင်များက အခိုင်အမာယုံကြည်ပြောဆိုကြသည်။ သို့သော် သမိုင်းပညာရှင်တို့နှင့် ဗုဒ္ဓဘာသာဝင်များ၊ သံဃာတော်အရှင်သူမြတ်များက ဂေါတမဗုဒ္ဓဘုရားသည် ဗိဿနိုးဘုရားကိုယ်ပွားဖြစ်သည်ဟူသောပြောကြားချက်ကို လုံးဝလက်မခံကြချေ။
![](http://upload.wikimedia.org/wikipedia/commons/thumb/c/c6/Vishnu_and_Lakshmi_on_Shesha_Naga%2C_ca_1870.jpg/640px-Vishnu_and_Lakshmi_on_Shesha_Naga%2C_ca_1870.jpg)
သို့သော် ဟိန္ဒူကျမ်းဂန် အယူအဆအရ ဗိဿနိုးဘုရား၏ န၀မမြောက်အသွင်သည် ဗုဒ္ဓဖြစ်သည်ဟု အတိအလင်း ဖော်ပြလျက်ရှိသည်။ [1]
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |