![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/1/17/Aungsan_Stadium.jpg/640px-Aungsan_Stadium.jpg&w=640&q=50)
ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်း
From Wikipedia, the free encyclopedia
ဗိုလ်ချုပ်အောင်ဆန်း အားကစားကွင်းသည် ဘက်စုံအားကစားကွင်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့ မြို့လယ်ဧရိယာတွင် တည်ရှိသည်။၁၉၀၈ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၁၀ခုနှစ်တွင် ပြီးစီးခဲ့သည်။၁၉၃၅ခုနှစ်တွင် မီတာ၄၀၀ပြေးလမ်းကို ဖောက်လုပ်ခဲ့သည်။[2]
အချက်တိုများ တည်နေရာ, ဝင်ဆံ့ပမာဏ ...
![]() | |
တည်နေရာ | မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
---|---|
ဝင်ဆံ့ပမာဏ | ၄၀,၀၀၀[1] |
မျက်နှာပြင် | မြက်ခင်းပြင် |
ပိတ်ရန်
လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြု၍ အမည်ပေးထားခြင်းဖြစ်ပြီး ပရိသတ်ဦးရေ ၄၀,၀၀၀[1] ဆန့်ကာ မြန်မာနိုင်ငံတွင် အကြီးဆုံး အားကစားကွင်းကြီးလည်း ဖြစ်သည်။ အဆိုပါ အားကစားကွင်း ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တွင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ယခုအခါတွင် မြန်မာ နေရှင်နယ် လိဂ်ဘောလုံးပွဲများကို အများဆုံးကျင်းပရာ အားကစားကွင်း ဖြစ်နေသည်။