ဖိုဘော့စ် (/ˈfbəs/ FOH-bəs, /-bɒs/ -boss,[4] သည် အင်္ဂါဂြိုဟ်ဂြိုဟ်ရံလ ၂ စင်းထဲမှ အတွင်းပိုင်းကျသော ဂြိုဟ်ရံလတစ်စင်းဖြစ်သည်။[5] ဂြိုဟ်ရံလ ၂ စင်းလုံးအား ၁၈၇၇ ခုနှစ်တွင် အမေရိကန် နက္ခတ္တပညာရှင် Asaph Hall ဆိုသူက ရှာဖွေတွေ့ရှိခဲ့သည်။ ဖိုဘော့စ်သည် ပုံစံမမှန်သော လတစ်စင်းဖြစ်ပြီး ပျမ်းမျှအချင်းဝက် ၁၁ ကီလိုမီတာရှိကာ[1] အပြင်ဘက်ကျသော ဒိုင်မောစ်ထက် ၇ ဆ ပိုကြီးသည်။ ဖိုဘော့စ်သည် အင်္ဂါဂြိုဟ်မျက်နှာပြင်မှ ၆၀၀၀ ကီလိုမီတာ ကွာဝေးပြီး အခြားဂြိုဟ်ရံလများထက် မိခင်ဂြိုဟ်နှင့် အနီးဆုံးအကွာဝေး၌ တည်ရှိသည်။ ယင်းသည် အင်မတန် နီးကပ်လွန်းသဖြင့် အင်္ဂါဂြိုဟ် လည်ပတ်နှုန်းထက် ပိုမြန်ကာ အင်္ဂါဂြိုဟ်အား တစ်ပတ်လှည့်မိရန် ၇ နာရီနှင့် ၃၉ မိနစ်သာ ကြာမြင့်သည်။ ရလဒ်အနေဖြင့် ယင်းသည် အင်္ဂါဂြိုဟ်၏ ကောင်းကင်ယံတွင် အနောက်ဘက်မှ ထွက်ပေါ်လာပြီး ၄ နာရီနှင့် ၁၅ မိနစ်တွင် အရှေ့ဘက်၌ ဝင်သွားသည်။ အင်္ဂါဂြိုဟ်၏ တစ်ရက်တွင် ယင်းကဲ့သို့ ၂ ကြိမ် ဖြစ်ပေါ်ခြင်းဖြစ်သည်။ နေရောင်ရှိသောအရပ်၌ မျက်နှာပြင်သည် အနုတ် ၄ ဒီဂရီ စင့်ဆီးယပ်ရှိပြီး နေရောင်ကွယ်သောအရပ်၍မူ အနုတ် ၁၁၂ ရှိသည်။[6] ဖိုဘော့စ်သည် နှစ် ၁၀၀ ကြာတိုင်း အင်္ဂါဂြိုဟ်နှင့် ၂ မီတာ ပိုမိုနီးကပ်သွားကာ နောင်နှစ်ပေါင်း ၃၀ မှ ၅၀ မီလီယံကြာပါက အင်္ဂါဂြိုဟ် မျက်နှာပြင်သို့ ထိတိုက်မိမည်ဟု ခန့်မှန်းထားသည်။[6]

အချက်တိုများ ရှာဖွေတွေ့ရှိခြင်း, ရှာဖွေတွေ့ရှိခဲ့သူ ...
Phobos
Thumb
Enhanced-color image of Phobos from the en:Mars Reconnaissance Orbiter with Stickney crater on the right
ရှာဖွေတွေ့ရှိခြင်း
ရှာဖွေတွေ့ရှိခဲ့သူAsaph Hall
ရှာဖွေတွေ့ရှိသည့် ရက်စွဲ17 August 1877
အခြားအမည်များ
Mars I
ပါဝင်အရာဝတ္ထုများPhobosian
ပတ်လမ်း ဂုဏ်အင်များ
Epoch J2000
Periapsis9234.42 km[1]
Apoapsis9517.58 km[1]
ဆီမီး မေဂျာ ဝင်ရိုး
9376 km[1] (2.76 Mars radii)
ပတ်လမ်း ဗဟိုကျမှု0.0151[1]
ပတ်လမ်း ကာလ
0.31891023 d
(7 h 39.2 min)
ပျမ်းမျှ ပတ်နှုန်း
2.138 km/s[1]
ပတ်လမ်း တိမ်းစောင်းမှု1.093° (to Mars's equator)
0.046° (to local Laplace plane)
26.04° (to the ecliptic)
ဂြိုဟ်ရံလများအင်္ဂါဂြိုဟ်
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ
ဒိုင်မင်းရှင်း27 × 22 × 18 km[1]
ပျမ်းမျှ အချင်းဝက်
11.2667 km
(1.76941 mEarths)
မျက်နှာပြင် ဧရိယာ
1548.3 km2[1]
(3.03545 µEarths)
ထုထည်5783.61 km3
(5.33933 nEarths)
ဒြပ်ထု1.0659×1016 kg[1]
(1.78477 nEarths)
ပျမ်းမျှ သိပ်သည်းဆ
1.876 g/cm3[1]
မျက်နှာပြင် ဒြပ်ဆွဲအား
0.0057 m/s2[1]
(581.4 µ g)
လွတ်မြောက်အလျင်
11.39 m/s
(41 km/h)[1]
လှည့်ပတ်ကာလ
Synchronous
အီကွေတာ လည်ပတ်မှု အလျင်
၁၁.၀ km/h (၆.၈ mph) (at longest axis)
ဝင်ရိုးတိမ်းစောင်းမှု
Albedo0.071±0.012[2]
အပူချိန်233 K
မြင်သာသော ပမာဏ
11.8[3]
    ပိတ်ရန်


    ကိုးကား

    Wikiwand in your browser!

    Seamless Wikipedia browsing. On steroids.

    Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

    Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.