![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/63/Collage_Firenze.jpg/640px-Collage_Firenze.jpg&w=640&q=50)
ဖလော်ရင့်မြို့
From Wikipedia, the free encyclopedia
ဖလော်ရင့်မြို့ (/ˈflɒrəns/ FLORR-ənss; အီတလီ: Firenze [fiˈrɛntse] ( နားဆင်))[မှတ်စု 1] သည် အီတလီနိုင်ငံ အလယ်ပိုင်း တစကန်နီဒေသ အတွင်း တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။ ၎င်းသည် ဒေသတွင်း တစကန်နီဒေသ၏ မြို့တော်ဖြစ်ကာ လူဦးရေအထူထပ်ဆုံးသောမြို့ လည်းဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် လူဦးရေ ၃၈၃၀၈၄ ဦး ရှိပြီး မြို့ပြဧရိယာ ၁,၅၂၀,၀၀၀ ကျော်ရှိသည်။[1]
ဖလော်ရင့်မြို့ Firenze | |||
---|---|---|---|
မြို့ | |||
Comune di Firenze | |||
![]() ထိပ်ဆုံးဝဲဘက်မှ လက်ယာရစ်: A collage of Florence showing the Galleria degli Uffizi (top left), followed by the Palazzo Pitti, a sunset view of the city and the Fountain of Neptune in the Piazza della Signoria. ၏ မြင်ကွင်းပုံ | |||
| |||
နိုင်ငံ | အီတလီနိုင်ငံ | ||
ဒေသ | ![]() | ||
ခရိုင် | ဖလော်ရင့် (FI) | ||
အုပ်ချုပ်ရေး | |||
• မြို့တော်ဝန် | Dario Nardella | ||
ဝဘ်ဆိုဒ် | တရားဝင် ဝက်ဘ်ဆိုဒ် |
ဖလော်ရင့်မြို့ သည် အလယ်ဥရောပ ခေတ် ၏ ကုန်သွယ်ရေး ဗဟိုချက်မ ဖြစ်ခဲ့ပြီး ထိုခေတ်အခါက ချမ်းသာကြွယ်ဝသောမြို့ ဖြစ်ခဲ့သည်။[2]ထို့အပြင် အတတ်ပညာရှင် အများအပြား ပေါ်ထွန်းခဲ့ရာမြို့လည်း ဖြစ်သည်။[3]၎င်းသည် ၁၈၆၅ခုနှစ် မှ ၁၈၇၁ခုနှစ် အထိ အီတလီဘုရင့်နိုင်ငံ၏ မြို့တော် ဖြစ်ခဲ့သည်။
ဖလော်ရင့်မြို့ သည် နိုင်ငံခြားသားများ အား ဆွဲဆောင်နိုင်သောမြို့တစ်မြို့ ဖြစ်သည့် အလျောက် ဖလောရင့် သမိုင်းဝင်ဌာန အား ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် ၁၉၈၂ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။