ပြည်ထောင်စုပါတီ
မြန်မာနိုင်ငံရေးပါတီ / From Wikipedia, the free encyclopedia
ပြည်ထောင်စုပါတီ (ပထစ) (အင်္ဂလိပ်: Union Party) သည် ၁၉၅၀ ခုနှစ်များနှောင်းပိုင်းနှင့် ၁၉၆၀ ခုနှစ်များအစောပိုင်းတွင် မြန်မာနိုင်ငံတွင် အာဏာရနိုင်ငံရေးပါတီဖြစ်သည်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ကွဲပြီးနောက်တွင်ပေါ်ပေါက်လာသည်။ သန့်ရှင်းဖဆပလဟု ကနဦးခေါ်ဝေါ်ကြရာမှ ၁၉၆၀ ရွေးကောက်ပွဲအပြီးတွင် အမည်ပြောင်းခဲ့သည်။