ပြည်ထောင်စု ရာထူးဝန်အဖွဲ့
From Wikipedia, the free encyclopedia
ပြည်ထောင်စု ရာထူးဝန်အဖွဲ့ (အင်္ဂလိပ်: Union Civil Service Board; အတိုကောက် UCSB) သည် ၁၉၇၇ ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥပဒေ အရ ဖွဲ့စည်းခဲ့သော ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်သည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေအရ အဖွဲ့ကို ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်အနည်းဆုံး(၅)ဦးမှ အများဆုံး(၇)ဦးဖြင့် ဖွဲ့စည်းထားသည်။ အဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေအခန်း(၃)တွင် ပြဋ္ဌာန်းထားသည်။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံကွန်ဖရင့်တွင် မြန်မာနိုင်ငံကိုယ်စားပြု ဆက်သွယ်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။
မြန်မာအစိုးရအဖွဲ့အစည်း | |
---|---|
ပြည်ထောင်စုရာထူးဝန်အဖွဲ့ | |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
ယခင်အဖွဲ့အစည်း | ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ |
အဖွဲ့အစည်းအမျိုးအစား | ဘုတ်အဖွဲ့ |
ဌာနချုပ် | နေပြည်တော် |
ဌာနအကြီးအမှူးများ | ဦးအောင်သော်၊ ဥက္ကဋ္ဌ |
ဝက်ဘ်ဆိုက် | ucsb.gov.mm |
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သည်။[1]