ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း
From Wikipedia, the free encyclopedia
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (အင်္ဂလိပ်: Union Solidarity and Development Association) သည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ထူထောင်ခဲ့သည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ဗဟိုဌာနချုပ်မှာ နေပြည်တော်တွင် တည်ရှိခဲ့ပြီး ဗဟိုအသင်း ၁ သင်း၊ ပြည်နယ်နှင့်တိုင်း အသင်းများ ၁၇ သင်း၊ ခရိုင်အသင်းများ ၆၆ သင်း၊ မြို့နယ်အသင်းများ ၃၂၀ သင်းပါဝင်ကာ ၂၀၀၇ ခုနှစ် ဧပြီလတွင် ကောက်ယူထားသည့် စာရင်းအရ အသင်းဝင် ၂၄ သန်းခန့်ရှိခဲ့သည်။
အချက်တိုများ ဖွဲ့တည်ချိန်, ပြိုကွဲချိန် ...
ဖွဲ့တည်ချိန် | ၁၅ စက်တင်ဘာ ၁၉၉၃ (၁၉၉၃-၀၉-၁၅) |
---|---|
ပြိုကွဲချိန် | ၁၅ ဇူလိုင် ၂၀၁၀ (၂၀၁၀-၀၇-၁၅) |
အမျိုးအစား | အသင်းအဖွဲ့ |
တည်နေရာ | |
ဝန်ဆောင်မှုဒေသ | မြန်မာနိုင်ငံ |
ဝန်ဆောင်မှုနည်းလမ်း | Media attention, direct-appeal campaigns Political lobbying |
အရေးကြီးပုဂ္ဂိုလ်များ | ဗိုလ်ချုပ်ဌေးဦး (အထွေထွေ အတွင်းရေးမှူး) |
ကြော်ငြာဆောင်ပုဒ် | စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး |
ဝက်ဘ်ဆိုဒ် | usda.org.mm |
ပိတ်ရန်
၂၀၁၀ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယင်းပါတီ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သူမှာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ် ဌေးဦးဖြစ်သည်။[1]